နေ့စဥ်သတင်း

စစ်ကောင်စီအသုံးပြုတဲ့ ဓာတုအဆိပ်ဗုံး PNLA တူးဖေါ်ရရှိ

မဲခေါင် 25 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၅ ပအိုဝ်းဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီအသုံးပြုတဲ့ ကျည်အ(ပေါက်ကွဲခြင်းမရှိတဲ့ဗုံးသီး) ဓာတုအဆိပ်ဗုံးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီ ၂၄ ရက်မှာ တူးဖေါ်ရရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲအတွင်းမှာ ဓာတုအဆိပ်ဗုံးအသုံးပြုခဲ့တာကြောင့် အဆိပ်ငွေ့ ရှုမိတဲ့ PNLA ရဲဘော်တွေဟာ ပြင်းထန်စွာ ဖျားနာတာနဲ့ အရေပြားယားယံတာတွေ ဖြစ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိနိးယံက မဲခေါင်ကို ပြောပါတယ်။ “သူတို့(စစ်ကောင်စီ) အဆိပ်သုံးတိုက်ခိုက်တာကတော့ အလုံးပေါင်းများစွာ ရှိပါတယ်၊ ဒါကတော့ မကွဲလို့ တူးဖော်ရရှိတဲ့ တစ်လုံးပါ” လို့ ပြောပါတယ်။ စစ်ကောင်စီက အခုလိုမျိုး ပြောင်းပြောင်တင်းတင်းနဲ့ အဆိပ်ဗုံးအသုံးပြုပြီး တိုက်ခိုက်လာတာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

ပအိုဝ်းဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီအသုံးပြုတဲ့ ကျည်အ(ပေါက်ကွဲခြင်းမရှိတဲ့ဗုံးသီး) ဓာတုအဆိပ်ဗုံးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီ ၂၄ ရက်မှာ တူးဖေါ်ရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲအတွင်းမှာ ဓာတုအဆိပ်ဗုံးအသုံးပြုခဲ့တာကြောင့် အဆိပ်ငွေ့ ရှုမိတဲ့ PNLA ရဲဘော်တွေဟာ ပြင်းထန်စွာ ဖျားနာတာနဲ့ အရေပြားယားယံတာတွေ ဖြစ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိနိးယံက မဲခေါင်ကို ပြောပါတယ်။

“သူတို့(စစ်ကောင်စီ) အဆိပ်သုံးတိုက်ခိုက်တာကတော့ အလုံးပေါင်းများစွာ ရှိပါတယ်၊ ဒါကတော့ မကွဲလို့ တူးဖော်ရရှိတဲ့ တစ်လုံးပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက အခုလိုမျိုး ပြောင်းပြောင်တင်းတင်းနဲ့ အဆိပ်ဗုံးအသုံးပြုပြီး တိုက်ခိုက်လာတာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။

“ဒါတွေက စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေကို အဆိပ်နဲ့ သတ်ဖို့ကြိုးစားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က လူသားတွေအပေါ် ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့အပေါ် မျက်စိပိတ်နားပိတ်နေနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂကို အံ့ဩတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ ပအိုဝ်းဒေသတိုက်ပွဲတွေမှာ အဆိပ်ဗုံးကို တောက်လျှောက်အသုံးပြုလာတာဖြစ်ပြီး အခုလိုပေါက်ကွဲအားမရှိတဲ့ ကျည်အကို အခုမှတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေမှာလည်း လေယာဉ်နဲ့ ဓါတုအဆိပ်ဗုံးကြဲချတိုက်ခိုက်တာတွေရှိခဲ့ပေမယ့် စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးအဆင့်ရှိတဲ့ ဇော်မင်းထွန်းကတော့ ဓာတုအဆိပ်ဗုံးအသုံးမပြုဘူးလို့ မီဒီယာကိုငြင်းဆိုထားပါတယ်။

တူးဖေါ်ရရှိတဲ့ အဆိပ်ဗုံးမှာ အဆိပ်လို့ရေးသားထားတဲ့စာသားပါဝင်ပြီး ဗုံးသီးရဲ့နောက်ဘက်ပိုင်းမှာ အဆိပ်ထွက်ပေါက်လို့ယူဆရတဲ့ နှာပေါက်တွေပါရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က PNLA ထိန်းချုပ်လှုပ်ရှားနေတဲ့ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အင်အား ၇၀၀ ကျော်နဲ့ မြေပြင်ထိုးစစ်ဆင်နေသလို ဒရုန်းနဲ့ လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာလည်း ဆီဆိုင်မြို့အရှေ့ခြမ်းကို လူသားဒိုင်းအသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ PNLA တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့က အင်အား(၁၃၀) ကျော် သေဆုံးခဲ့ပါတယ်။

MK-017
#MeKongNews
#PNLA
#စစ်ကောင်စီ
#ဓာတုအဆိပ်ဗုံး
#အသုံးပြုတိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now