နေ့စဥ်သတင်း

MNDAAနဲ့ စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့အတူ နယ်စပ်ဂိတ်ပြန်ဖွင့်၊ ဇွန်လထဲမှာ လားရှိုးကနေ MNDAA ပြန်ဆုတ်ပေးရမယ်လို့ သတင်းထွက်ပေါ်

မဲခေါင် 20 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၀ စစ်ကောင်စီနဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)တို့ ဇန်နဝါရီ ၁၈ ရက်က ကူမင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(ဇန်နဝါရီ ၂၀) ကြေညာပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက ပုံမှန် သတင်းထုတ်ပြန်မှုမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ဒီသဘောတူညီချက်ကြောင့် အပစ်အခတ် ရပ်စဲနေကြပြီလို့ ပြောဆိုသွားတာဖြစ်ပါတယ်။ ဒီနေ့မှာပဲ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ ထိန်းချုပ်နယ်မြေနဲ့ နမ့်တစ်မြို့ရှိ နမ့်တစ်တံတားဂိတ်ကို တရုတ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ပေးလိုက်ကြောင်း UWSA က တရုတ်ဘာသာစကားနဲ့ ထုတ်ပြန်ပါတယ်။ UWSA ပြောရေးဆိုခွင့်ရှိသူညီရန်းက”နယ်စပ်ဖွင့်ပေးတာမှန်ပါတယ်၊ အဲ့လိုဖွင့်ပေးခြင်းအားဖြင့် နှစ်ဖက်မှာရှိတဲ့ပြည်သူတွေအတွက်လည်း အကျိုးရှိတာပေါ့နော့” လို့ မဲခေါင်ကိုပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး

မဲခေါင်၊ ဇန်နဝါရီ ၂၀

စစ်ကောင်စီနဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)တို့ ဇန်နဝါရီ ၁၈ ရက်က ကူမင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(ဇန်နဝါရီ ၂၀) ကြေညာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက ပုံမှန် သတင်းထုတ်ပြန်မှုမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ဒီသဘောတူညီချက်ကြောင့် အပစ်အခတ် ရပ်စဲနေကြပြီလို့ ပြောဆိုသွားတာဖြစ်ပါတယ်။

ဒီနေ့မှာပဲ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ ထိန်းချုပ်နယ်မြေနဲ့ နမ့်တစ်မြို့ရှိ နမ့်တစ်တံတားဂိတ်ကို တရုတ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ပေးလိုက်ကြောင်း UWSA က တရုတ်ဘာသာစကားနဲ့ ထုတ်ပြန်ပါတယ်။

UWSA ပြောရေးဆိုခွင့်ရှိသူညီရန်းက”နယ်စပ်ဖွင့်ပေးတာမှန်ပါတယ်၊ အဲ့လိုဖွင့်ပေးခြင်းအားဖြင့် နှစ်ဖက်မှာရှိတဲ့ပြည်သူတွေအတွက်လည်း အကျိုးရှိတာပေါ့နော့” လို့ မဲခေါင်ကိုပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နောက်ဆက်တွဲအဖြစ် သံလွင်မြစ်အရှေ့ဖက် တရုတ် -မြန်မာနယ်စပ်အနီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ချင်းရွှေဟော နယ်စပ်ဂိတ် တရုတ်နိုင်ငံကို မနေ့ကဖွင့်ပေးလိုက်ပါတယ်။

MNDAA နဲ့ပတ်သက်ပြီး ဒီနေ့မှာ တပြိုင်အတည်းထွက်ပေါ်လာတဲ့ အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက MNDAA ဟာ လားရှိုးကနေ အခုနှစ် ၊ ဇွန်လမှာ ပြန်လည်ဆုတ်ခွာပေးရမယ်လို့ Myanmar Now က ဖေါ်ပြပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးခဲ့တဲ့ တရုတ်အစိုးရကို စစ်ကောင်စီရော MNDAA ဘက်ကပါ ကျေးဇူးတင်ကြောင်းပြောသွားတယ်လို့ မာအိုနင်းက ပြောကြားသွားပါတယ်။

စစ်ကောင်စီနဲ့ MNDAA အစောပိုင်းတွေ့ဆုံပွဲတွေမှာ MNDAA အနေနဲ့ လားရှိုးကနေပြန်လည်ဆုတ်ခွါပေးဖို့ တောင်းဆိုခဲ့ပေမယ့် MNDAA ဘက်က ငြင်းဆိုတာကြောင့် ဆွေးနွေးပွဲပျက်ခဲ့တာလို့ သိရပါတယ်။ အခုတစ်ကြိမ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

မြောက်မြန်မာနဲ့ သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံအားလုံးဟာ ဘုံအကျိုးစီးပွားအတွက် ဒီဒေသရဲ့ တင်းမာနေမှုတွေကို လျှော့ချပေးနိုင်ဖို့ အလိုရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြောင်း၊ တရုတ်ဟာ မြောက်မြန်မာတစ်လျှောက် ငြိမ်းချမ်းရေးဖြစ်တည်လာစေဖို့ ဆွေးနွေးအဖြေရှာရေးလမ်းစဉ်မှာ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆက်လက်ပေးစွမ်းသွားမယ်လို့လည်း မာအိုနင်းက ပြောပါတယ်။

၂၀၂၄ ဇန်နဝါရီလတုန်းက တရုတ်ဟာ MNDAA နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး ကြားနေငြိမ်းချမ်းရေးပွဲစားအဖြစ် ရယူပေးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပေမယ့် ချက်ချင်းဆိုသလို ဒီသဘောတူညီမှု ပျက်စီးသွားပြီ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်တည်နေခဲ့တာ ဖြစ်ပါတယ်။

MNDAA ဟာ ညီနောင်မဟာမိတ် သုံးဖွဲ့အဖြစ် TNLA ၊ AA တို့နဲ့ မဟာမိတ်ဖွဲ့ပြီး သူတို့ပိုင်နက်နယ်မြေက စစ်ကောင်စီတပ်တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းမှ စတင်လို့ ထိုးစစ်ဆင်ခဲ့ရာမှာ ဇူလိုင်လမှာပဲ နယ်စပ်ဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီး မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ သွားရာလမ်းတွေကိုပါ စစ်ကောင်စီအပေါ် တော်လှန်နေတဲ့တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ရင်း စစ်ရေးအသာရရှိနေတယ်လို့ သုံးသပ်နေကြကြောင်း ရိုက်တာသတင်းက မှတ်ချက် ထည့်သွင်းဖော်ပြသွားခဲ့ပါတယ်။

#MeKongNews
#MNDAA
#စစ်ကောင်စီ
#အပစ်အခတ်ရပ်စဲ
#နယ်စပ်ဂိတ်ဖွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now