နေ့စဥ်သတင်း

စစ်ကောင်စီက ကျောက်ဂူဒေသကို တစ်ရက်အတွင်း ဗုံး ၅၆ လုံးကြဲချခဲ့ရာ အရပ်သားသုံးဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိ

မဲခေါင် 17 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၇ မနေ့က(ဇန်နဝါရီ ၁၆) တစ်ရက်အတွင်း ကျောက်ဂူဒေသကို စစ်ကောင်စီက ဗုံး ၅၆ လုံးကြဲချခဲ့ရာ အရပ်သား သုံးဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီက Y12 လေယာဉ်နဲ့ နေ့လယ်၁၂ နာရီ ၃၇ မိနစ်မှ နေ့လယ် ၁ နာရီ ၂၁ မိနစ်အထိ ဗုံးသီး ၃၁ လုံး၊ ညနေ ၄ နဦရီမှာ ဗုံးသီး ၂၅ လုံး ကြဲချခဲ့တာကြောင့်အမျိုးသမီးနှစ်ဦး၊အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေးတစ်ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ဒီနေ့ညနေထုတ်ပြန်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ဆေးကုသပေးလျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ကျောက်ဂူဒေသ အရပ်သား နေထိုင်ရာ

မဲခေါင်၊ ဇန်နဝါရီ ၁၇

မနေ့က(ဇန်နဝါရီ ၁၆) တစ်ရက်အတွင်း ကျောက်ဂူဒေသကို စစ်ကောင်စီက ဗုံး ၅၆ လုံးကြဲချခဲ့ရာ အရပ်သား သုံးဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက Y12 လေယာဉ်နဲ့ နေ့လယ်၁၂ နာရီ ၃၇ မိနစ်မှ နေ့လယ် ၁ နာရီ ၂၁ မိနစ်အထိ ဗုံးသီး ၃၁ လုံး၊ ညနေ ၄ နဦရီမှာ ဗုံးသီး ၂၅ လုံး ကြဲချခဲ့တာကြောင့်အမျိုးသမီးနှစ်ဦး၊အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေးတစ်ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ဒီနေ့ညနေထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ဆေးကုသပေးလျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ကျောက်ဂူဒေသ အရပ်သား နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးသာမက လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေလျက်ရှိနေကြောင်းလည်းဖေါ်ပြပါတယ်။

ဇန်နဝါရီ ၁၄ ရက်၊ နံနက်ပိုင်းကလည်း ရပ်စောက်မြို့ဘက်မှ ကျောက်ဂူဒေသဘက်သို့ စစ်အင်အားဖြည့် တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို DPLA က တိုက်ခိုက်ခဲ့ရာတိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဘာသာရေး အဆောက်အအုံ နှစ်လုံး၊ အရပ်သားနေအိမ် ၁၅ လုံး ဝန်းကျင် ပျက်စီးခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်က စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DPLA ကထုတ်ပြန်ပါတယ်။

“တောင်ခမ်းဘက်ကိုအင်အားဖြည့်တဲ့လမ်းပိုင်းဖြစ်နေလို့ စစ်ကောင်စီက ကျောက်ဂူကိုအင်အားဖြည့်နေတာ”လို့ DPLA ပြန်ကြားရေးတာဝန်ရှိသူ ကိုအမောင်က မဲခေါင်ကိုပြောပါတယ်။

အခုနှစ် ၊ဇန်နဝါရီ ပထမအပတ်ကတည်းက ကျောက်ဂူဒေသမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေကာ အခုဆိုရင် ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

ရပ်စောက်-အင်တော-ကျောက်ဂူ လမ်းပိုင်းဟာ နောင်ချိုမြို့ရဲ့တောင်ဘက် တောင်ခမ်းဒေသကို စစ်ကောင်စီ စစ်ကူပေးနေတဲ့လမ်းကြောင်းဖြစ်တာကြောင့် ကျောက်ဂူဒေသဟာစစ်ရေးအရ အရေးပါနေတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ကြောင်းထိုးတာ၊ အင်အားဖြည့်တင်းတာတွေပြုလုပ်နေတာပါ။

နောင်ချိုမြို့နယ်၊ တောင်ခမ်းကို အင်အားဖြည်တင်းမယ့် စစ်ကောင်စီ စစ်ကြောင်းကို DPLA ကဖြတ်တောက်တိုက်ခိုက်နေတာပါ။

ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့တိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA ကို ၂၀၂၃ ဇူလိုင်လ ၂၉ ရက်မှာဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်း TNLA နဲ့တိုက်ပွဲဖော်ဆောင်မှုတွေမှာပါဝင်နေတာဖြစ်ပါတယ်။

ပြင်ဦးလွင်နဲ့ ၅၅ မိုင်သာကွာဝေးတဲ့ နောင်ချိုမြို့၊ တောင်ခမ်းရွာ အနီးမှာ အမြှောက်တပ် (၉၀၂)နဲ့ (၃၅၄)တည်ရှိနေပါတယ်။ တောင်ခမ်းဟာ ပြင်ဦးလွင်အတွက် အပြင်စည်းလုံခြုံရေးဖြစ်နေရုံမျှမက ရှည်းပြည်တောင်ပိုင်း နဲ့ မြောက်ပိုင်းကို ချိတ်ဆက်ပေးနိုင်လို့ စစ်ရေးအရ အရေးပါတဲ့ဒေသဖြစ်ပါတယ်။

တောင်ခမ်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရင် စစ်ကောင်စီရဲ့တပ်မြို့ဖြစ်တဲ့ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့ကိုကျရောက်နိုင်ကြောင်း စစ်လက်နက်လေ့လာသူတွေကပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ တောင်ခမ်းကို တော်လှန်ရေးလက်ထဲမကျရောက်စေဖို့ ရပ်စောက်၊ ကျောက်ဂူ၊ နောင်ချို လမ်းအတိုင်း အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံသူတွေရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၅ ရက်မနက်အစောပိုင်းကတည်းက ကျောက်ဂူဒေသတဝိုက်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတာဖြစ်ပြီး ရပ်စောက်-အင်တော-ကျောက်ဂူလမ်းပိုင်းကို ရှမ်းပြည်တပ်မတော် SSPP/SSA က လုံခြုံရေးပေးထားတယ်လို့ စစ်ကောင်စီထောက်ခံသူတွေအကြားမှာပြောဆိုရေးသားဖေါ်ပြနေကြတာကြောင့် အတည်ပြုချက်ရနိုင်ဖို့ မဲခေါင်က SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဆုကို ဆက်သွယ်နေပေမဲ့ ဖုန်းကိုင်ဖြေကြားခြင်းမရှိပါဘူး။

#MeKongNews
#ကျောက်ဂူ
#ဗုံးကြဲ
#DPLA
#တောင်ခမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now