နေ့စဥ်သတင်း

စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းထဲမှာ ရှမ်းပြည်က နိုင်ကျဉ်းလုံးဝမပါ

မဲခေါင် 5 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၅ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပေမယ့် ရှမ်းပြည်အတွင်းက အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်တာ မတွေ့ရပါဘူး။ ရှမ်းပြည်တောင်ပိုင်းမှာ ညောင်ရွှေ (တောင်လေးလုံး)ထောင်၊ ရှမ်းအရှေ့မှာ ကျိုင်းတုံထောင်နဲ့ မိုင်းဆတ်ထောင်တွေရှိရာမှာ ညောင်ရွှေ(တောင်လေးလုံးထောင်)က လွတ်မြောက်သူ ၈၀ ဦး ရှိပါတယ်၊ အဲဒီအထဲကမှ ၃၉ ဦးဟာ လွတ်ရက်နီးလို့သိရပြီး လွတ်ငြိမ်းရသူက ၄၁ ဦး ဖြစ်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား မပါဘူးလို့ သိရပါတယ်။ “ခြောက်လအောက် လွတ်နီးတွေပဲ ပေးတာဆိုတော့ အထဲမှာ မရှိလောက်ဘူး၊ ရှိခဲ့ရင်လည်း အခြား ပုဒ်မတွေနဲ့တွဲထားတော့ သူတို့မရဘူး၊ ကြားတာတော့ တစ်ယောက်မှမပါဘူး” လို့

မဲခေါင်၊ ဇန်နဝါရီ ၅

၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပေမယ့် ရှမ်းပြည်အတွင်းက အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်တာ မတွေ့ရပါဘူး။

ရှမ်းပြည်တောင်ပိုင်းမှာ ညောင်ရွှေ (တောင်လေးလုံး)ထောင်၊ ရှမ်းအရှေ့မှာ ကျိုင်းတုံထောင်နဲ့ မိုင်းဆတ်ထောင်တွေရှိရာမှာ ညောင်ရွှေ(တောင်လေးလုံးထောင်)က လွတ်မြောက်သူ ၈၀ ဦး ရှိပါတယ်၊ အဲဒီအထဲကမှ ၃၉ ဦးဟာ လွတ်ရက်နီးလို့သိရပြီး လွတ်ငြိမ်းရသူက ၄၁ ဦး ဖြစ်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား မပါဘူးလို့ သိရပါတယ်။

“ခြောက်လအောက် လွတ်နီးတွေပဲ ပေးတာဆိုတော့ အထဲမှာ မရှိလောက်ဘူး၊ ရှိခဲ့ရင်လည်း အခြား ပုဒ်မတွေနဲ့တွဲထားတော့ သူတို့မရဘူး၊ ကြားတာတော့ တစ်ယောက်မှမပါဘူး” လို့ မကြာခင်ကမှ ထောင်ကလွတ်မြောက်ခဲ့တဲ့ နိုင်ကျဉ်းတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံထောင်က ကျားဖြန့်အမှုနဲ့အကျဉ်းကျနေသူ ထိုင်းနိုင်ငံသား ၁၅၁ ဦးနဲ့ စစ်တပ်ပုဒ်မ(တမအ-၇၁)၊ ခိုး၊ ဆိုး၊ လု၊ နိုက်တွေသာ လွတ်မြောက်သလို မိုင်းဆတ်ထောင်ကလည်း စစ်တပ်ပုဒ်မ(တမအ-၇၁)နဲ့ ခိုး၊ ဆိုး၊ လု၊ နိုက်တွေသာ လွတ်မြောက်တယ်လို့ သိရပေမယ့် အရေအတွက် မသိရသေးပါဘူး။

“နိုင်ကျဉ်းဆိုတာ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ကုန်ကြမ်းတွေပဲ၊ လွှတ်လိုက် ဖမ်းလိုက်နဲ့ နိုင်ငံရေး အလျှော့အတင်းကစားတာပဲ၊ ရာဇဝတ်မှုတွေအတွက်ကတော့ ဒီလို လွတ်ငြိမ်းသက်သာတွေနဲ့ ပြစ်ဒဏ်စေ့ မနေရဘူးပေါ့၊ ထောင်ထဲတုန်းက ရာဇဝတ်မှုတွေက သူတို့ မြန်မြန်လွတ်နိုင်တာ နိုင်ကျဉ်းတွေကြောင့်လို့ ပြောခဲ့ကြတာ” လို့ ရှမ်းပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ရှမ်းမြောက်က လားရှိုးအကျဉ်းထောင်ကို ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး သီပေါထောင်ကိုတော့ TNLA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ထောင် ၂၄ ထောင်က နိုင်ကျဉ်း ၂၁၃ ဦးသာ လွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကနဦးထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

စစ်ကောင်စီက(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၅၈၆၄ ဦးကို မနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။

MK-012
#MeKongNews
#ရှမ်းပြည်
#နိုင်ကျဉ်း
#တာချီလိတ်
#မိုင်းဆတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now