မဲခေါင်၊ ဒီဇင်ဘာ ၂၅
အဇာဘိုင်ဂျန်မြို့တော် ဘာကူကနေ ရုရှားတောင်ပိုင်း ဂရိုဇနီမြို့ကို ဒီဇင်ဘာ ၂၅ ရက်မှာ ဦးတည်ပျံသန်းခဲ့တဲ့ အဇာဘိုင်ဂျန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ကာဇက်စတန်နိုင်ငံ အက္ကတူမြို့အနီး အရေးပေါ် ဆင်းသက်ဖို့ လုပ်စဉ် မအောင်မြင်ခဲ့ဘဲ ပျက်ကျခဲ့ရပြီး လေယာဉ်ပေါ် လိုက်ပါသူ ၆၇ ယောက်အနက် ၃၂ ယောက်သာ အသက် ရှင်သန်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
လေယာဉ်ပေါ်မှာ အဇာဘိုင်ဂျန်နိုင်ငံသား ၃၇ ယောက်၊ ကာဇက်စတန်နိုင်ငံသား ၆ ယောက်၊ ကာဂျစ္စတန်နိုင်ငံသား ၃ ယောက်နဲ့ ရုရှားသား ၁၆ ယောက်ပါဝင်ခဲ့ပြီး လေယာဉ် ဝန်ထမ်း ၅ ယောက်အပါဆို စုစု ပေါင်း ၆၇ ယောက် လိုက်ပါခဲ့တာပါ။
ဒီလေယာဥ် ပျက်ကျမှုမှ ၃၂ ယောက် အသက်ရှင်သန်နိုင်ခဲ့တယ်လို့ အဇာဘိုင်ဂျန် သမ္မတရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်မှုမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
လေယာဉ်ဟာ ချို့ယွင်းမှုတစ်စုံတရာရှိလို့ အက္ကတူ မြို့လေဆိပ်ကို အရေးပေါ်ဆင်းသက်ဖို့ စီစဉ်ရာမှာ လေယာဉ်ကွင်းရောက်ဖို့ ၃ ကီလိုမီတာ ( ၁.၉ မိုင်) အလိုမှ ပျက်ကျသွားခဲ့ရတာဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့နဲ့ မီးငြိမ်းသတ်မှုအဖွဲ့တွေ လေယာဉ်ပျက်ဆီ ရောက်ရှိပြီး စတင်ကယ်ဆယ်စဉ် ၂၈ ယောက်သာ အသက်ရှင်တယ်လို့ သတင်းထုတ်ပြန်မိပေမယ့် ကလေး ၂ ယောက်အပါ အသက်ပြင်းသူ ၄ ယောက်ဟာ ဆေးရုံတင်ကုသပြီး ကံကြီးလို့ အသက် မဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း နောက်ပိုင်း ပြင်ဆင်ထုတ်ပြန်သွားပါတယ်။
Ref: thepeninsulaqatar
MKF-001
#MeKongNews
#အဇာဘိုင်ဂျန်
#လေယာဥ်ပျက်ကျ
#ရုရှား
#ဂရိုဇနီ
#ကာဇက်စတန်








