နေ့စဥ်သတင်း

ခရိုင်ငါးခုမှာ တစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ အတည်ပြု

မဲခေါင် 24 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၄ အာဏာရ ဖွေထိုင်းပါတီ မဲဆွယ်စဉ်ကတည်းက ကတိပြုခဲ့တဲ့ ထိုင်းနိုင်ငံတစ်ဝန်း တစ်နေ့အနည်းဆုံး လုပ်ခလစာ ဘတ် ၄၀၀ သတ်မှတ်ပေးရေးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာပဲ ဝန်ကြီးချုပ် ပေထောင်တန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ လာမယ့် ဇန်နဝါရီလကစလို့ ခရိုင်သတ်မှတ်ချက်နဲ့ တိုးမြှင့်ပေးအပ်သွားဖို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဖွေထိုင်းပါတီက တစ်နိုင်ငံလုံး အနိမ့်ဆုံးအခြေခံတစ်ရက်လုပ်ခကို လက်ရှိ ဘတ် ၃၃၀ ကနေ ၃၇၀ အထိ တစ်ဆင့်တိုးပေးထားရာက ဘတ် ၄၀၀ ပေးဖို့ အဆိုမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက တတ်နိုင်စွမ်းမရှိသေးဘူး လို့ အများစုက ကန့်ကွက်လို့ နိုင်ငံခြားခရီးသွားလုပ်ငန်းတွေရဲ့ အဓိက ဗဟိုချက်ဖြစ်တဲ့ ဖူးခက်၊ ချာချိုအန်ဆအို၊ ချွန်ဘူရီ၊ ရာယောင်း

မဲခေါင်၊ ဒီဇင်ဘာ ၂၄

အာဏာရ ဖွေထိုင်းပါတီ မဲဆွယ်စဉ်ကတည်းက ကတိပြုခဲ့တဲ့ ထိုင်းနိုင်ငံတစ်ဝန်း တစ်နေ့အနည်းဆုံး လုပ်ခလစာ ဘတ် ၄၀၀ သတ်မှတ်ပေးရေးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာပဲ ဝန်ကြီးချုပ် ပေထောင်တန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ လာမယ့် ဇန်နဝါရီလကစလို့ ခရိုင်သတ်မှတ်ချက်နဲ့ တိုးမြှင့်ပေးအပ်သွားဖို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ဖွေထိုင်းပါတီက တစ်နိုင်ငံလုံး အနိမ့်ဆုံးအခြေခံတစ်ရက်လုပ်ခကို လက်ရှိ ဘတ် ၃၃၀ ကနေ ၃၇၀ အထိ တစ်ဆင့်တိုးပေးထားရာက ဘတ် ၄၀၀ ပေးဖို့ အဆိုမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက တတ်နိုင်စွမ်းမရှိသေးဘူး လို့ အများစုက ကန့်ကွက်လို့ နိုင်ငံခြားခရီးသွားလုပ်ငန်းတွေရဲ့ အဓိက ဗဟိုချက်ဖြစ်တဲ့ ဖူးခက်၊ ချာချိုအန်ဆအို၊ ချွန်ဘူရီ၊ ရာယောင်း ခရိုင်တွေနဲ့ ဆူရတ်ဌာနီခရိုင်က ခရီးသွားကျွန်း ဆမွီတို့က ဝန်ထမ်းတွေကိုသာ ဇန်နဝါရီလ ကစလို့ တစ်ရက်အနည်းဆုံး လုပ်ခ ဘတ် ၄၀၀ ပေးဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ကျန် နိုင်ငံတဝန်းက လုပ်သားတွေကိုတော့ လက်ရှိ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ဖြစ်တဲ့ တစ်ရက် ၃၃၇ ဘတ်ကနေ ပျမ်းမျှ ၂ ရာခိုင် နှုန်းတိုးပေးပြီး တစ်ရက် ဘတ် ၃၈၀ အထိသာ စတင်တိုးပေးသွားဖို့ အတည်ပြုလိုက်ကြောင်း ဝန်ကြီးချုပ် ပေထောင်တန်ကိုယ်တိုင်က ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းမှ အပ ကျန်တဲ့ အသုံး စားရိတ်တွေမှာ ဘတ် ၅၀၀၀၀ အထိ သုံးစွဲသူတွေကို အခွန်ကောက်ခံခြင်း မပြုဘဲ အသုံးစားရိတ် မြင့်တက်လာ စေဖို့ ရည်ရွယ်ပြဌာန်းတယ်လို့ ဆိုပါတယ်။

ဖွေထိုင်းပါတီ မဲဆွယ်စဉ်က ပြည်သူ ၄၅ သန်းစလုံးကို တစ်ယောက် ဘတ် ၁၀၀၀၀ အခမဲ့ ပေးသွားရေးအစီအစဉ်အတွက် ဒုတိယအသုတ် အဖြစ် ဇန်နဝါရီလမှာ ဘတ်ဘီလီယံ ၄၀ သုံးပြီး သက်ကြီးရွယ်အိုတွေအတွက် ထုတ်ပေးသွားဖို့လည်း အတည်ပြုခဲ့ပါတယ်။ ပထမအသုတ်အဖြစ် စက်တင်ဘာ လက လူဦးရေ ၁၄ . ၅ သန်းအတွက် တစ်ကြိမ် ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီလို ပြည်သူကို တစ်ယောက် ဘတ် ၁၀၀၀၀ ထုတ်ပေးခြင်းဟာ အသုံးစားရိတ်ပြန်လည်မြင့်တက်လာပြီး ပြည်တွင်းစီးပွားရေး တိုးတက်မှုနှုန်းကို ၂၀၂၆ မှာ ၃ . ၃ ရာခိုင်နှုန်းတိုးတက်စေဖို့၊ ငွေကြေး ဖောင်းပွမှုနှုန်းကို ၁ . ၇ ရာခိုင်နှုန်းကနေ ၀ . ၇ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အသုတ်အားလုံးပေါင်းရင် အစိုးရဘတ်ဂျက် ဘတ် ၃ . ၇၈ ထရီလီယံအထိ သုံးစွဲမှာ ဖြစ်ကြောင်းလည်း ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သွားပါတယ်။

Ref: bangkokpost
MKF-001
#MeKongNews
#ထိုင်း
#လုပ်ခလစာ
#သတ်မှတ်ချက်
#ဘတ်
#အစိုးရ
#ဖွေထိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now