နေ့စဥ်သတင်း

ကျားဖြန့်နဲ့ လောင်းကစား အပါအဝင် မူးယစ်ဆေးလုပ်ငန်းတွေ ပြည်သူ့စစ်အကာအကွယ်နဲ့ တာချီလိတ်နယ်မှာလုပ်ကိုင်နေ၊ ဒေသစစ်ကောင်စီလည်း ပတ်သက်မှုရှိ

မဲခေါင် 8 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၈ ရက် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံကျေးရွာအနီးရှိ လားဟူငါးကန်ဝန်းမှာ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်း၊ လောင်ကစားဝိုင်းတွေအပြင် မူးယစ်ဆေးရောင်းဝယ်လုပ်ငန်းတွေကို နာတလိ ပြည်သူ့စစ်အကာအကွယ်နဲ့ ဖွင့်ထားတယ်လို့ မဲခေါင်က စုံစမ်းသိရပါတယ်။ ဒေသခံတွေနဲ့ ထိုင်းနိုင်ငံသားတွေလာရောက် လောင်းကစားလုပ်နိုင်ဖို့ ကားအကြိုအပို့ပါ ပြုလုပ်ပေးပြီး နာတလိပြည်သူ့စစ်က လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။ ဖေါ်ပြပါလုပ်ငန်းတွေ တစ်စုတစည်းတည်းလုပ်ကိုင်နေတဲ့ လားဟူငါးကန်ခြံဝန်းကြီးကို နာတလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်ခါပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့ ပြည်သူစစ်အဖွဲ့လုံခြုံရေးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ ဒေသခံဆီက သိရပါတယ်။ “ငါးကန်ဝန်းထဲမှာ အစုံရှိတယ်၊ KTV လည်းရှိတယ်၊ လောင်းကားဝိုင်းတွေဆိုရင် ဂုံးကင်းခုံအပါအဝင် ဖဲဝိုင်းတွေ၊ ကာစီနိုလည်းရှိတယ်၊ တရုတ်တွေလည်း တွေ့တယ်၊ ခြံက အကျယ်ကြီးပဲ ” လို့

မဲခေါင်၊ ဒီဇင်ဘာ ၈ ရက်

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံကျေးရွာအနီးရှိ လားဟူငါးကန်ဝန်းမှာ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်း၊ လောင်ကစားဝိုင်းတွေအပြင် မူးယစ်ဆေးရောင်းဝယ်လုပ်ငန်းတွေကို နာတလိ ပြည်သူ့စစ်အကာအကွယ်နဲ့ ဖွင့်ထားတယ်လို့ မဲခေါင်က စုံစမ်းသိရပါတယ်။

ဒေသခံတွေနဲ့ ထိုင်းနိုင်ငံသားတွေလာရောက် လောင်းကစားလုပ်နိုင်ဖို့ ကားအကြိုအပို့ပါ ပြုလုပ်ပေးပြီး နာတလိပြည်သူ့စစ်က လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။ ဖေါ်ပြပါလုပ်ငန်းတွေ တစ်စုတစည်းတည်းလုပ်ကိုင်နေတဲ့ လားဟူငါးကန်ခြံဝန်းကြီးကို နာတလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်ခါပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့ ပြည်သူစစ်အဖွဲ့လုံခြုံရေးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ ဒေသခံဆီက သိရပါတယ်။

“ငါးကန်ဝန်းထဲမှာ အစုံရှိတယ်၊ KTV လည်းရှိတယ်၊ လောင်းကားဝိုင်းတွေဆိုရင် ဂုံးကင်းခုံအပါအဝင် ဖဲဝိုင်းတွေ၊ ကာစီနိုလည်းရှိတယ်၊ တရုတ်တွေလည်း တွေ့တယ်၊ ခြံက အကျယ်ကြီးပဲ ” လို့ လောင်းကစားသွားရောက်ကစားခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခြံဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေအနေနဲ့ လောင်းကစားခုံတစ်ခုံကို လစဉ်ကြေး ဘတ်သောင်းနဲ့ချီပေးထားရပြီး လောင်းကစားဝိုင်းမျိုးစုံနဲ့ ခြံဝန်းအတွင်း မူးယစ်ဆေးဝါးပါ အလွယ်တကူရရှိနေတဲ့အပြင် ထိုင်းနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လိမ်လည်တဲ့ ကျားဖြန့်ငွေလိမ်တဲ့အဖွဲ့တွေ ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ငါးကန်အပါအဝင် ခြံဝန်းကိုအကာအကွယ်ပေးထားတဲ့ နာတာလိ ပြည်သူ့စစ်တပ်ဖွဲ့ဟာ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း အခြေချထားတာဖြစ်ပေမယ့် ဌာနဆိုင်ရာနဲ့ ညှိနှိုင်းကာ သက်ဆိုင်ရာကို လစဉ်ကြေး ဘတ်သိန်းချီပေးပြီး လောင်းကစားရုံနဲ့ ငွေလိမ်ဂိုဏ်းကို အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ တာချီလိတ်ခရိုင်ဟာ ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ပါတယ်။ မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံရဲ့နယ်နမိတ်ခြား မဲခေါင်မြစ်ဆုံမှာ တြိဂံပုံထိစပ်နေလို့ ရွှေတြိဂံလို့လည်းခေါ်ပြပါတယ်။ နယ်နမိတ်ခြားဖြစ်သလို မယ်ဆိုင်ချောင်းပေါ်မှာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားလည်းရှိနေတာဖြစ်လို့ ကူးသန်းရောင်းဝယ်ရေးအတွက် ထိုင်းနိုင်ငံသားတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တာဖြစ်ပါတယ်။

တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်က နေအိမ်တစ်လုံးမှာ ဇူလိုင်လက ကျားဖြန့်(ငွေလိမ်ဂိုဏ်း)လုပ်ကိုင်နေသူ ၃၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာအတွင်းကလည်း တရုတ်နိုင်ငံသားတွေပါဝင်တဲ့ ငွေလိမ်ဂိုဏ်းက လူဦးရေ ၃၀ နီးပါး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ တစ်နိုင်ငံလုံးအနှံ့ ငွေလိမ်ဂိုဏ်းသားပေါင်း ၄၉၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ဖူးပါတယ်။

MK-002
#MeKongNews
#လောင်းကစားဝိုင်း
#ပြည်သူ့စစ်
#တာချီလိတ်
#ကျားဖြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now