မဲခေါင်၊ နိုင်ဝင်ဘာ ၁၇ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေး( TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲခရိုင်း မိုင်းငေါ့မြို့နယ်ကို ဒီနေ့( နိုင်ဝင်ဘာ ၁၇ )နေလယ် ၁၁ နာရီ ၃၅ မိနစ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့ တစ်ကြိမ်ဗုံးကြဲတာကြောင့် အမျိုးသမီး လေးဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၅ အိမ် ထိခိုက်ပျက်စီးသွားတယ်လို့ မိုင်းငေါ့ဒေသခံတစ်ဦးကပြောပါတယ်။
“နေ့ခင်းဘက်မှာ စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ လာပစ်သွားတယ်။ သေဆုံးသူတွေတော့ မရှိဘူး၊ အသက်ကြီးတဲ့ အမျိုးသမီးတွေပဲ ဒဏ်ရာရတယ်။ မိုင်းငေါ့မြို့ရဲ့ ဘောလုံးကွင်းဘက်မှာ ကျသွားတယ်” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မိုင်းငေါ့မြို့ကို တအာင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်က ပထမဆုံးကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
မနေ့(နိုဝင်ဘာ ၁၆)က နောင်ချိုမြို့နယ် လုံစံကျေးရွာကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိပြီး နိုဝင်ဘာ ၁၂ ကနေ နောင်ချိုမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲလို့ ၁၁ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိကာ နေ့စဉ်အလိုလို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
MK 11
#MekongNews
#မိုင်းငေါ့မြို့
#စစ်ကောင်းစီဗုံးကြဲ
#အမျိုးသမီးလေးဦးဒါဏ်ရာရ
#အိမ်၁၅လုံးပျက်စီး















