မဲခေါင်၊ နိုဝင်ဘာ ၇
၄၇ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီးနောက် မဟာ ပြိုင်ဘက် တရုတ် သမ္မတ ရှီကျင်းဖျင်က နှစ်နိုင်ငံ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းနဲ့ အကျိုး စီးပွားအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အလိုရှိပါကြောင်းနဲ့ ထရမ့်သမ္မတဖြစ်လာလို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဒီကနေ (နိုဝင်ဘာ ၇ ရက်) မှာ ဒီသတင်းကိုဖော်ပြခဲ့တာဖြစ်ပြီး ရှီကျင်းဖျင် က နှစ်နိုင်ငံစလုံးကမ္ဘာကို အကျိုးရှိစေမယ့် ခေတ်သစ်တစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းမှန်တွေ ကို ရှာဖွေကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ အကျိုးစီးပွားရှိစေဖို့ ယူပူးပေါင်းဆောင်ရွက်မှုလုပ်ကိုင်ရေးလမ်းစဉ် ကျင့်သုံးမှာဖြစ်ကြောင်း၊ ဆွေးနွေးမှုနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးအားကောင်းရေး၊ မတူညီတဲ့ မူဝါဒစနစ်တွေမှာ စနစ်တကျ စီမံခန့်ခွဲပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ မျှော်လင့်ပါကြောင်း ဖော်ပြသွားတာဖြစ်ပါတယ်။
Ref: asianews
MKF-001








