မဲခေါင်၊ အောက်တိုဘာ ၂၈
ထိုင်းမီဒီယာ Khaosod English ရဲ့ ဖော်ပြမှုအရ Miss Grand International ပြိုင်ပွဲ ဥက္ကဌ နာဝပ်ဟာ မြန်မာ ကိုယ်စားပြုအလှမယ် သဲစုငြိမ်းနဲ့ မြန်မာ National Director (ND) ထူးအံ့လွင်တို့ရဲ့ မတော်မလျှော် ပြုမူလုပ်ဆောင်မှုတွေကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ကို စာချုပ်ဖျက်သိမ်း လိုက်တယ်လို့ သိရှိရပါတယ်။
မြန်မာကိုယ်စားပြုအလှမယ် သဲစုငြိမ်း ခေါ် သဲသဲဟာ နောက်ဆုံး ဆန်ခါတင်မယ်ရွေးပွဲမှာ second runner-up (တတိယသရဖူဆုရှင်) သာရရှိမှုအတွက် မျက်နှာပျက် ငိုယိုခဲ့သလို ထူးအံ့လွင်ကလည်း သရဖူကို လက်မခံ၊ ရလဒ်ကို လက်မခံကြောင်း အခမ်းအနားအတွင်းမှာ ရုပ်ပျက်ဆင်းပျက် တုံ့ပြန်ခဲ့လို့ မတော်မလျှော်လုပ်ရပ်ဆိုပြီး မြန်မာကို MGI ပြိုင်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ကြောင်းနဲ့ ထူးအံ့လွင်ကို ရာသက်ပန်ပြိုင်ပွဲက ပိတ်တယ်လို့ ဥက္ကဌ နာဝပ်က ဒီနေ့မှာ အတည်ပြု ကြေညာလိုက်တာပါ။
နာဝပ်ဟာ သဲစုငြိမ်းရဲ့ ငယ်ရွယ်မှုနဲ့ ထူးချွန်မှုကို အသိအမှတ်ပြုနိုင်သော်လည်း နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ အရှုံး ဒဏ်ကို မခံနိုင်၊ အားကစားစိတ်ဓာတ်မရှိဘဲ နံပါတ် (၁) အလှမယ်သရဖူရချင်ရင် ကိုယ်တိုင် ပြိုင်ပွဲကျင်းပ၊ကိုယ့် သရဖူကိုယ်ယူ၊ ပြိုင်ဘက်တွေနဲ့ စိန်ခေါ်ရင်ဆိုင်ရတဲ့ဘယ်ပြိုင်ပွဲမျိုးမှ ဝင်မပြိုင်သင့်တော့သူ၊ ကိုယ့်စိတ်ကူးယဉ် ကိုယ့်ကမ္ဘာထဲမှာပဲ နေသင့်တယ်။ ဒါဇာတ်လမ်းအဆုံးသတ်ပဲလို့ ပြောသွားခဲ့ကြောင်းနဲ့ ထိုင်းသတင်းတွေမှာ ဒီသတင်းက လက်ရှိ Trending အဖြစ်ဆုံး Topic အဖြစ် မီဒီယာများစွာက ဖော်ပြနေခဲ့ကြပါတယ်။
Ref: Khaosod English
MKF-001














