နိုင်ငံရေး

စစ်ရေး၊ နိုင်ငံရေး တရုတ်ဖိအားရှိတယ်လို့ NUG ဝန်ခံ

မဲခေါင် 26 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၆ လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့ (နိုဝင်ဘာ ၂၆) မှာ ဝန်ခံပြောကြားပါတယ်။ ဒီလိုဖိအားတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသဘောထားပြောင်းလဲသွားတဲ့ ဖိအားတွေဖြစ်ပြီး လျစ်လျူရှုလို့မရ မဟာဗျူဟာအပြောင်းအလဲလို့ မြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုးမကြီးမားအောင် စဥ်းစားလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတ က ပြောပါတယ်။ “ဒါကို ကျွန်တော်တို့က ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ်လိုက်လို့လည်း မရပါဘူး” လို့ ဒီနေ့ပြုလုပ်တဲ့ NUG အစိုးရ အစည်းအဝေးမှာ သူက ပြောပါတယ်။ တော်လှန်ရေးကာလ လေးနှစ်ပြည်တော့မှာဖြစ်ပြီး ဒီအခြေအနေမှာ လူထုအထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း

မဲခေါင်၊ နိုဝင်ဘာ ၂၆

လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့ (နိုဝင်ဘာ ၂၆) မှာ ဝန်ခံပြောကြားပါတယ်။

ဒီလိုဖိအားတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသဘောထားပြောင်းလဲသွားတဲ့ ဖိအားတွေဖြစ်ပြီး လျစ်လျူရှုလို့မရ မဟာဗျူဟာအပြောင်းအလဲလို့ မြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုးမကြီးမားအောင် စဥ်းစားလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတ က ပြောပါတယ်။

“ဒါကို ကျွန်တော်တို့က ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ်လိုက်လို့လည်း မရပါဘူး” လို့ ဒီနေ့ပြုလုပ်တဲ့ NUG အစိုးရ အစည်းအဝေးမှာ သူက ပြောပါတယ်။

တော်လှန်ရေးကာလ လေးနှစ်ပြည်တော့မှာဖြစ်ပြီး ဒီအခြေအနေမှာ လူထုအထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း တွက်ချက်စဥ်းစားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ က ပြောပါတယ်။

NUG ဟာ အဝေးရောက်အစိုးရ ဖြစ်လို့မရတာကြောင့် ပြည်ပရောက်နေတဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံး ပြည်တွင်းမှာလာစုပြီး လက်တွေ့ကျကျ လုံ့လစိုက်ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားပါတယ်။

စစ်တပ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက “၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် တရုတ်နိုင်ငံရဲ့ သဘောထားပြောင်းသွားပြီး ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို ဖိအားပေးနေပါတယ်။

ဒီလိုဖိအားပေးပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ငြိမ်းချမ်းရေးဆွေးနွေးဖို့ မနေ့ (နိုဝင်ဘာ ၂၅) ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ခဲ့တဲ့ ကိုးကန့်တပ် MNDAA ကိုလည်း တရုတ်နိုင်ငံက ဖြတ်ငါးဖြတ်ဖြစ်တဲ့ ရေ၊ မီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လက်နက်ခဲယမ်း သယ်ဆောင်ခွင့်ကို ကိုးကန့်နယ်မြေအတွင်း မရောက်အောင် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး”မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ NUG လက်အောက်ခံ တပ်ရင်းတွေအပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ရှမ်းမြောက်စစ်မြေပြင်က စွန့်ခွာခဲ့ပါတယ်။

#MeKongNews
#ရှမ်းမြောက်
#တရုတ်
#ဖိအား
#NUG
#ပြည်ပရောက်
#စစ်ဆင်ရေး
#စစ်ရေး
#နိုင်ငံရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now