ငြိမ်းချမ်းရေးသတင်း

အာဏာရှင်စနစ်အမြစ်ပြုတ်ရေး UWSP ဝ အဖွဲ့ နဲ့လက်တွဲဆောင်ရွက်လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနသဝဏ်လွှာပို့

မဲခေါင် 21 Dec - 2023
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ပြီး အာဏာရှင်စနစ်အမြစ်ပြုတ်ရေး အတူတကွ လက်တွဲဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။

မဲခေါင် ၊ ဒီဇင်ဘာ ၂၁

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ပြီး အာဏာရှင်စနစ်အမြစ်ပြုတ်ရေး အတူတကွ လက်တွဲဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။

ယနေ့အချိန်ဟာ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းတဲ့ ကာလဖြစ်ပြီး တနိုင်ငံလုံးကို ဘေးဒုက္ခဖြစ်စေတဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် တောင်ပေါ်မြေပြန့် နိုင်ငံသားများအားလုံး ညီညွတ်စွာနဲ့ ခုခံတိုက်ပွဲဝင်နေတဲ့ ကာလလည်းဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်များကို လေးစားအသိမှတ်ပြုပါကြောင်းနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီဆောက်ရွက်လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က ပါတီဗဟိုဌာနချုပ်ရှိရာ ပန်ခမ်းမြို့မှာ စည်းကားသိုက်မြိုက်စွာကျင်းပခဲ့တယ်လို့ UWSP က သတင်းထုတ်ပြန်ထားပါတယ်။

၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဝ ခေါင်းဆောင် ကျော်ညီလိုင် နဲ့ ပေါက်ယိုချန်း တို့ဦးဆောင်ပြီး ဗမာြပည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကို တည်ထောင်ခဲ့တာြဖစ်ပါတယ်။

CJ- 002

#MeKongNews

#ဝ

#UWSP

#NUG

#သဝဏ်လွှာပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now