စစ်ရေးသတင်း

သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၁၂ ဦးကို အာဇာနည်များအဖြစ် PLA ဂုဏ်ပြုမှတ်တမ်းတင်

မဲခေါင် 16 Jan - 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကာလ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း အသက်စွန့်ခဲ့တဲ့ ရဲဘော် ၁၂ ဦးကို "သိန္နီတိုက်ပွဲအာဇာနည်"များအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကာလ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း အသက်စွန့်ခဲ့တဲ့ ရဲဘော် ၁၂ ဦးကို “ သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ခုနှစ် ၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်-PLAဟာ သိန္နီမြို့သိမ်းတိုက်ပွဲကို အောင်ပွဲရရှိတဲ့အထိ မဟာမိတ်တပ်ဖွဲ့များနဲ့ လက်တွဲကာ ရွပ်ရွပ်ချွံချွံ ပါဝင်ဆင်နွှဲ တိုက်ပွဲဝင်ခဲ့တယ်လို့ PLAကဆိုပါတယ်။

အဲ့ဒီ သိန္နီမြို့သိမ်းတိုက်ပွဲမှာ သိန္နီမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်(၁၂) ဦးလည်း အသက်စွန့်ခဲ့(ကျဆုံး)ရပါတယ်။။ အဲ့ဒီ ကျဆုံးအာဇာနည်ရဲဘော်တွေကတော့ ရဲဘော်သခွား ၊ ရဲဘော်ဇနက္က ၊ ရဲဘော်ဂျစ်ဂျစ် ၊ ရဲဘော်သုခ ၊ ရဲဘော်မိုးအောင် ၊ ရဲဘော်ကောင်းကင် ၊ ရဲဘော်သူရ ၊ ရဲဘော်ဝက်သိန်း ၊ ရဲဘော်စိန်လွင် ၊ ရဲဘော်ဝကြီး ၊ ရဲဘော်ကျားလေး နဲ့ ရဲဘော်အောင်ဆန်း တို့ဖြစ်တယ်လို့ PLA ထုတ်ပြန်ချက်အရ သိရပါတယ်။

“တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့သော အာဇာနည်ရဲဘော်များအား ပြည်သူ့လွတ် မြောက်ရေးတပ်မတော်၏ “ သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုပါသည်။” လို့ PLA က ပြောပါတယ်။

သိန္နီမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုဟာ ရဲဘော်များ စွမ်းစွမ်းတမံ အသက်စွန့်ဆောင်ရွက်ခဲ့တဲ့အတွက် ရရှိခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့တဲ့ စံပြအာဇာနည် စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲသွားမည်လို့ PLAကပြောပါတယ်။

CJ-002

#MeKongNews

#သိန္နီ

#တိုက်ပွဲ

#PLA

#အာဇာနည်

#ဂုဏ်ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now