ဒေသတွင်းသတင်း

လွိုင်ကော်ထောင်မှာ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှု ပိုတိုးလာ

မဲခေါင် 21 Dec - 2023
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှု ပိုတိုးလာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၁

ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှု ပိုတိုးလာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က လွိုင်ကော် အကျဉ်းထောင်ကို ကရင်နီတော်လှန်ရေး အင်အားစုတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့ နောက်မှာ အကျဉ်းသားတွေ လွတ်မြောက်သွားတာမျိုး မရှိတဲ့အပြင် ထောင်တွင်း ဖိနှိပ်တွေ အရင်ထက် ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KAPP)ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထွန်းက “အကျဉ်းသားတွေကို ဒိုင်းလုပ်ထားတာတွေ ကြားနေရတယ်ပေါ့နော်။ ဒါကလည်း ဖြစ်နိုင်ခြေတော့ ရှိတာပေါ့နော်။ စစ်သားတွေကလည်း အကြပ်တည်း ဖြစ်တဲ့ကာလမှာဆိုရင် ဖြစ်သွားနိုင်တာပေါ့။ ထောင်ဝင်စာကတော့ ၁၁၁၁ Operation မစခင်ကတည်းက ပို့ ဖြစ်ကြသေးတယ်။ နောက်ပိုင်းတော့ ထောင်ဝင်စာပို့လို့ မရတော့ဘူးလေနော်။ မြို့တွင်းမှာတောင်မှ သွားလာရတဲ့ အခြေအနေက အရမ်း ခက်ခဲတာကိုနော်” လို့ ပြောပါတယ်။

လတ်တလောမှာ ထောင်ဝင်စာ ပိတ်ထားတဲ့အပြင် အကျဉ်းသားတွေကိုလည်း အလုံခန်းမှာ ပိတ်လှောင်ထားတာကြောင့် စားနှပ်ရိက္ခာနဲ့ ရေလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။

လွိုင်ကော် အကျဉ်းထောင်မှာ အကျဉ်းသားပေါင်း ၅၀၀ ကျော် ရှိပြီး နိုင်ကျဉ်း အနေနဲ့ ၁၄၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ပြောင်းလာတဲ့ ထောင်အရာ ရှိတွေလည်း ဒီဇင်ဘာလအတွင်းမှာ ပိုများလာတာကြောင့် နိုင်ကျဉ်းတွေအတွက် ပိုပြီး ဖိနှိပ်မှာကို စိုးရိမ်ရတယ်လို့ ကိုဇင်လင်းထွန်းက ဆက်ပြောပြပါတယ်။

“သူက အခြေအနေ အမျိုးမျိုး ရှိတယ်။ ခုနား ပြောသလို အရပ်သား ဝန်ထမ်းတွေ ရှိတဲ့ ကာလမှာလည်း အခြေအနေ တစ်မျိုး ဖြစ်ပြီးတော့ စစ်ဖက်ကနေ ပြောင်းလာတဲ့ အရာရှိတွေ ရောက်လာတဲ့ အချိန်မှာလည်း နောက်တမျိုး ဖြစ်တယ်ပေါ့။ အစောပိုင်း ကာလမှာတောင် နိုင်ကျဉ်း ဆိုတာနဲ့ တော်တော်လေးကို ဖိနှပ်ချင်ကြတယ်ပေါ့။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ကျနော်တို့ကလည်း ထောင်ရဲ့ စည်းကမ်း ဥပဒေကို လိုက်နာပြီးတော့ အကျဉ်းသားရေးရာက ဆောင်ရွက်တဲ့အတွက် ဖိနှိပ်မှုကတော့ လျော့သွားတယ်ပေါ့။ ဒါပေမယ့် စစ်ဖက်ကနေ ပြောင်းလာတဲ့ အရာရှိတွေနဲ့တော့ လုံးဝ အဆင်မပြေဘူးပေါ့”

လက်ရှိ KPPA အနေနဲ့ နိုင်ငံရေးအကျဉ်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN)တို့နဲ့ ချိတ်ဆက်ပြီး လွိုင်ကော် အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဟောင်းတွေကို ကူညီဆောင်ရွက်ပေးနေတဲ့အပြင် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နဲ့လည်း လက်တွဲပြီး လစ်လပ်နေတဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ ကူညီပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

CJ-007

#MeKongNews

#လွိုင်ကော်ထောင်

#နိုင်ငံရေး

#အကျဉ်းသား

#ဖိနှိပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now