ဒေသတွင်းသတင်း

လွိုင်ကော်ထောင်မှ လွတ်ရက်စေ့ အကျဥ်းသားများ စစ်ကောင်စီပြန်လွှတ်၊ အကျဥ်းသားများကို ဆန်ကြမ်းနဲ့ ငါးပိ သာ ကျွေးပြီး အခန်းတွင်းပိတ်လှောင်ထား

မဲခေါင် 8 Feb - 2024
ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်မှ လွတ်ရက်စေ့ အကျဥ်းသား ၆၅ ယောက်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၁၂ ဦးပါဝင်တယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး(KPPA) က ဒီနေ့ ဖေဖော်ဝါရီ ၈ မှာ ထုတ်ပြန်အသိပေးပါတယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်မှ လွတ်ရက်စေ့ အကျဥ်းသား ၆၅ ယောက်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၁၂ ဦးပါဝင်တယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး(KPPA) က ဒီနေ့ ဖေဖော်ဝါရီ ၈ မှာ ထုတ်ပြန်အသိပေးပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေဟာ ဇန်နဝါရီ ၄ ရက် လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်ရမည် ဖြစ်သော်လည်း မလွတ်ဘဲ ဖေဖော်ဝါရီ ၅ ရက်မှ စစ်ကောင်စီက ပြန်လည်လွတ်ပေးခြင်းဖြစ်တယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးက ဆိုပါတယ်။

ပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်ပြီဖြစ်တဲ့ ရာဇဝတ်မှုအကျဥ်းသား ၁၄ ဦးကို ချက်ချင်းလွှတ်ပေးရန်၊ လွတ်မြောက်သင့်ပြီဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများကို ချက်ချင်းလွှတ်ပေးရန်၊ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ လွတ်မြောက်အကျဥ်းသားတွေကို နေရပ်ပြန်ရေး စီစဥ်ပေးရန်တို့ကို KPPA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ယက် (PPNM) တို့က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

မဖြစ်မေန လွတ်ရက်စေ့ အကျဥ်းသားများကို လွတ်ပေးလိုက်တာကို ကြိုဆိုပေမယ့် လွိုင်ကော်ထောင်တွင်းမှာ ကျန်ရှိနေတဲ့ အကျဥ်းသားများဟာ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လွိုင်ကော်အကျဉ်းထောင်တွင်းက အကျဉ်းသားများအားလုံးကို ဆန်ကြမ်းနဲ့ ငါးပိသာ နေ့စဉ်ရက်ဆက်ကျွေးနေပြီး နှစ်လနီးပါး အကျဉ်းသားများကို အခန်းထဲ ပိတ်လှောင်ထားလို့ ကိုယ်လက်အင်္ဂါများ ချိနဲ့ခြင်းများ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မတရားဖမ်းဆီးထားထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများကို လုံလောက်သောအစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးအလေးထား လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း KPPA နဲ့ PPNM တို့က ထုတ်ပြန်ထားပါတယ်။

#MeKongNews

#လွိုင်ကော်

#အကျဥ်းထောင်

#လွတ်ရက်စေ့

#ပြန်လွတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now