ဒေသတွင်းသတင်း

လောက်ကိုင်က လားရှိုးပြန်မယ့်သူတွေ ပိတ်မိနေပြီး သောက်သုံးရေနဲ့ အစားအစာတွေ ပြတ်လပ်

မဲခေါင် 8 Nov - 2023
လောက်ကိုင်မြို့ကနေ တိုက်ပွဲတွေကြောင့် လားရှိုးပြန်မယ့် ပြည်သူတွေဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့ကြားက ပါစင်ကျော်ကျေးရွာအနီးမှာ ပိတ်မိနေပြီး သောက်သုံးရေနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၈

လောက်ကိုင်မြို့ကနေ တိုက်ပွဲတွေကြောင့် လားရှိုးပြန်မယ့် ပြည်သူတွေဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့ကြားက ပါစင်ကျော်ကျေးရွာအနီးမှာ ပိတ်မိနေပြီး သောက်သုံးရေနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် လမ်းအသုံးပြုခွင့် ပိတ်ထားတယ်လို့ ကြေညာထားပေမယ့် လောက်ကိုင်မှ လမ်းပွင့်နေပြီဆိုတဲ့ သတင်းအမှားများကြောင့် နိုဝင်ဘာ ၅ ရက်နေ့မှာ ထွက်လာတဲ့သူတွေဟာ ပါစင်ကျော်ကျေးရွာနားမှာ ၃ ရက်ကြာပိတ်မိနေတာပါ။

“လောက်ကိုင်ကနေ ကားနဲ့မိနစ်လေးဆယ်လောက် ဆင်းလာပြီး အခုပိတ်မိနေတဲ့ မန်လီရှူးဝါးနားရောက်တော့ ရှေ့ဆက်သွားလို့မရတော့ဘူး၊ ပါစင်ကျော်ရွာအကျော်မှာ လမ်းမကြီးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သစ်ပင်တွေနဲ့ ကန့်ထားပြီးလမ်းကပိတ်ထားတယ်ဆိုလို့ လာလမ်းအတိုင်းနောက်ပြန်ဆုတ်ပြီး လောက်ကိုင်ပြန်မယ်ဆိုတော့လည်း ပြန်လှည့်ဝင်ဖို့ကို အစိုးရတာဝန်ရှိသူတွေက လက်မခံဘူး၊ အခုပါလာတဲ့ ရိက္ခာကလည်း မလောက်တော့ဘူး” လို့ ပါစင်ကျော် လမ်းမကြီးပေါ်တွင်ပိတ်မိနေသူတစ်ဦးက ပြောပြပါတယ်။

လောက်ကိုင်ကနေ လားရှိုးကို ပြန်ဖို့ရန်အတွက် ယာဉ်စီးခ လူတစ်ဦးကို တရုတ်ယွမ်ငွေ နှစ်ထောင့်ငါးရာအထိ ပေးရတယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့သူတွေ စုစုပေါင်းဟာ ၇၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

လောက်ကိုင်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ပိတ်မိနေတဲ့ ခရီးသွားတွေနဲ့ မိသားစုတွေ အဆက်အသွယ်ပြတ်တောက်မှုတွေရှိပါတယ်။

လောက်ကိုင်မြို့သို့ ဆက်သွယ်ရာ လမ်းကြောင်းများအား ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေပါတယ်။

“ပြည်တွင်းဖုန်းလိုင်းတွေ ပြတ်တောက်နေတယ် တရုတ်အင်တာနက် ဝိုင်ဖိုင်နဲ့ဘဲ ဆက်သွယ်အသုံးပြုနေရတယ်၊ လုပ်ငန်းတွေအများစုကလည်း ပိတ်သိမ်းလိုက်တယ်၊ ကုန်ဈေးနှုန်းကလည်း အရင်၅ ယွမ်လောက်ပေးကတဲ့ဟာက၊ အခု ၁၀ ယွမ်လောက်ဖြစ်နေတယ်၊ ဒါတောင်ပစ္စည်းတွေပြတ်မယ့်သဘောရှိတယ်၊ အဓိကဆန်တောင် တရုတ်ဘက်ကလာရောင်းပေးလို့ သူတို့ကလည်း နေ့စဉ်လာရောင်းမပေးနိုင်ဘူး၊အဲ့တော့ ကိုယ်ဒေသကိုယ်ပြန်တော့လည်း လမ်းမှာပိတ်မိဒုက္ခရောက်နေကြရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပိတ်မိနေတဲ့ လူအများကို တာဝန်ရှိအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခွင့်ပြုပါက သွားရောက်ကူညီကယ်ဆယ်ရန်အသင့်ရှိတယ်လို့ လားရှိုးအခြေစိုက် ပရဟိတအသင်းတချို့မှလည်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ထားပါတယ်။

MK-006

#MeKongNews

#လားရှိုး

#လောက်ကိုင်

#ပိတ်မိ

#တိုက်ပွဲ

#ပြည်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now