ဒေသတွင်းသတင်း

လားရှိုးမြို့ပေါ်က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ လိုအပ်နေ

မဲခေါင် 19 Jan - 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ ခိုလှုံဆဲ သိန္နီမြို့နယ်မှ စစ်ဘေးရှောင်တွေ စစ်ကောင်စီရဲ့ အထောက်အပံ့ မရတဲ့အတွက် စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ စောင်၊ အနွေးထည် တွေလိုအပ်နေတယ်လို့ သိရပါတယ်။

မဲခေါင် ဇန်နစါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ ခိုလှုံဆဲ သိန္နီမြို့နယ်မှ စစ်ဘေးရှောင်တွေ စစ်ကောင်စီရဲ့ အထောက်အပံ့ မရတဲ့အတွက် စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ စောင်၊ အနွေးထည် တွေလိုအပ်နေတယ်လို့ သိရပါတယ်။

“နိုင်ငံတော်(စစ်ကောင်စီ)က လာလှူတာ အကျုံးမဝင်ဘူးဆိုပြီး မရဘူး၊ မန်ဆူနဲ့ကန်မိုင်းကျောင်း နှစ်ကျောင်းနဲ့ခရစ်ယန်ကျောင်းနှစ်ကျောင်းပဲရတယ်၊ ကျန်ကျောင်းတွေ မရဘူး၊ ဒီမှာတော့ တတ်နိုင်သမျှ စောင့်ရှောက်ပေးနေပေမယ့်၊ ဟင်းနဲ့အနွေးထည် အိပ်ယာစောင်တွေလိုအပ်နေတယ်၊ သူတို့လဲ ပြန်ချင်ကြပေမဲ့ မပြန်နိုင်သေးဘူး ဖြစ်နေကြတယ်” လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

စစ်ကောင်စီ အထောက်အပံံ့ မရတဲ့ကျောင်း မှာ ခိုလှုံနေတဲ့စစ်ဘေးရှောင်တွေဟာ သိန္နီမြို့က ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကို မန်ဆူနဲ့ ကန်မိုင်းကျောင်းတွေမှာသာစုခိုင်းတာဖြစ်လို့ အဲဒီကျောင်တွေကို မသွားရောက်ကြတဲ့ စစ်ဘေးရှောင်တွေကို အကျုံးမဝင်ဘူး သတ်မှတ်တာကြောင့် အထောက်အပံ့ မရတာလို့ ဆရာတော်က ရှင်းပြပါတယ်။

“သူတို့က မသွားချင်ကြဘူးလေ ကိုယ့်အစုနဲ့ကိုယ်နေချင်ကြတော့ မသွားကြဘူးပေ့ါ၊ ပရဟိတနဲ့ အချို့တွေ လာလှူကြပါတယ်၊ သူတို့အိမ်ပြန်ချင်တာကို ကိုယ့်အိမ်ကိုယ်ပြန်တာ ပြန်ကြပါလို့ တိုက်တွန်းထားတယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

သိန္နီမြို့၊ ရေပူစမ်းက စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဒေသခံတစ်ဦးက “ကျွန်မတို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ကတဲက ပြေးလာကြတာ၊ ဒီမှာပထမတော့ ထမင်းဘူးတွေ ၊ အမျိုးသမီးသုံးတွေ လာကူကြပါတယ်၊ နောက်ပိုင်းတော့ နဲသွားတယ်၊ နိုင်ငံတော်က လာလှူပေမယ့် အကျုံးမဝင်လို့ မရဘူးလို့ သိရတယ်၊ ဒီမှာပဲ ကိုယ့်အစုနဲ့ကိုယ်နေချင်ကြတာလေ၊ လာခါစက ခုလောက်မအေးသေးတော့ အနွေးထည်တွေဘယ်ပါပါ့မလဲ၊ အဝတ် ၂ထည် ၃ ထည်ပေါ့၊ ခုတော့ အနွေးထည်တွေလိုအပ်တယ်၊ ချမ်းတော့ နေပူဆာလှုံတယ်၊ ညပိုင်းကိုတော့ ထင်း၊ သစ်ရွက်တွေကောက်ပြီး မီးလှုံကြရတယ်၊ စောင်အပါးလေးတွေတော့ရပေမယ့် မလုံလောက်ဘူးလေ၊ အိမ်ပြန်ဖို့ လမ်းတွေပိတ်ထားဆဲမို့ ကွင်းလမ်းတွေကသွားစုံစမ်းကြရတယ်၊ အိမ်ပြန်ချင်ပေမယ့် အခြေအနေတွေ နားထောင်ရင်း ဒီမှာ ကျောင်းဝေယျာဝစ္စလုပ်၊ ကလေးတွေကလည်း မြို့ထဲခေါက်ဆွဲဆိုင်တွေမှာ ပန်းကန်ဆေး၊ လက်သမားအလုပ်တွေလုပ်ရင်း နေနေရတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် က လားရှိုးကို စစ်ကောင်စီဥက္ကဌလာရောက်ပြီး စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀၀ လှူသွားခဲ့တာ နိုင်ငံပိုင် သတင်းတွေမှာဖော်ပြပါရှိထားပါတယ်။

သိန္နီက စစ်ဘေးရှောင်တွေ မန်ဆူကျောင်းမှာ ၈၀၀ ဦး၊ ကန်မိုင်း ၄၂၀ ဦး၊ရိပ်သာ ၁၃၀ ဦး၊ မန်ကောင်း ၄၅ ဦး၊ ကျောက်ဂူ ၃၀ ဦးနဲ့ တောရ ၂၀ ဦး အားလုံး ၁၄၄၅ ဦး ကျန်ရှိနေကြောင်း သိရှိရပါတယ်။

CJ-012

#စစ်ကောင်စီ

#စစ်ဘေးရှောင်

#လားရှိုး

#သိန္နီ

#လိုအပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now