မဲခေါင်၊ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခလရ -၂၈၃ မှ ဒုတပ်ကြပ်အဆင့်ရှိသူ တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆီ အလင်းဝင်ခဲ့လို့ ကျပ်သိန်း ၁၅၀ ချီးမြှင့်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အလင်းဝင်လာတဲ့ စစ်ကောင်စီဒုတပ်ကြပ်ဟာ တပ်တွင်းကြီးနိုင်ငယ်ညှဉ်း နှိပ်စက်မှုတွေကို သည်းမခံနိုင်တော့ ထွက်ပြေးလာခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းမယ်လို့ KNU က ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။
သူနဲ့အတူ ယူဆောင်လာတဲ့ လက်နက်ခဲယမ်းများမှာ MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နှင့် ၅.၅၆ ကျည်တောင့် (၇၅) တောင့်တို့ ဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ခဲယမ်းများနဲ့အတူ လာရောက် ပူးပေါင်းတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမယ်လို့ KNU က အသိပေးပါတယ်။
ဒါ့အပြင် ပါလာတဲ့ လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနဲ့အညီ ထပ်မံပေးအပ်မည်ဖြစ်သလို သာမာန် ပြည်သူအနေနဲ့ လုပ်ကိုင်စားသောက်သွားမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။
#MeKongNews
#KNLA
#KNU
#အလင်းဝင်
#စစ်ကောင်စီ
#ချီးမြှင့်
#သိန်းတရာ့ငါးဆယ်