ဒေသတွင်းသတင်း

မြောက်ဥက္ကလာမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အထက်တန်းကျောင်းသား ၇ ဦးကို မိဘများထံ အပ်နှံ

မဲခေါင် 30 Aug - 2023
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ အ-ထ-က(ခွဲ)၊ အလက (၁၀) ကျောင်းမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ကျောင်းသား ၇ ဦးကို ကျောင်းအုပ် ဆရာကြီးက ကျောင်းသား မိဘများထံ ပြန်လည် အပ်နှံခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၃၀

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ အ-ထ-က(ခွဲ)၊ အလက (၁၀) ကျောင်းမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ကျောင်းသား ၇ ဦးကို ကျောင်းအုပ် ဆရာကြီးက ကျောင်းသား မိဘများထံ ပြန်လည် အပ်နှံခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က ဆရာ၊ ဆရာမများက Grade -10 (STEAM-2) စာသင်ခန်းအတွင်း စစ်ဆေးရာ စီးကရက်၊ မီးခြစ်နဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး အဆိုပါဖုန်းကို စစ်ဆေးရာ Messenger မှာ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ အထောက်အထားများ တွေ့ရှိခဲ့ရပြီးနောက် ကျောင်းသား ၉ ဦးကို စစ်ဆေးခဲ့ရာ ကျောင်းသား ၇ ဦးမှ သုံးစွဲခဲ့တယ်လို့ ဝန်ခံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့အဖွဲ့က အားလုံး ၉ ယောက်ရှိတယ်။ ၂ ယောက်ကတော့ မိဘတွေ ခံဝန်ထိုးပေးထားလို့ ကျောင်းကနေ ခဏနားထားတဲ့ ပုံစံနဲ့ နေရတာ။ ကျောင်းနားမှာ ဖွင့်ထားတဲ့ အအေးဆိုင်မှာ ထိုင်ပြီး ဆေးသုံးတယ်၊ ဆေးလိပ် သောက်တယ်။ အဲ့ဆိုင်ကလည်း ကျောင်းက ဆရာ၊ ဆရာမတွေကိုတောင် ဆဲဆိုတာတွေ လုပ်တယ်။ ကျောင်းသူတွေကိုလည်း အဲ့ကောင်လေးတွေက လိုက်နှောက်ယှက်တာတွေရှိတယ်” လို့ သူကပြောပါတယ်။

အဆိုပါ ကျောင်းသားများကို ဆရာ၊ ဆရာမများက ရှောင်တခင် စစ်ဆေးရာမှာ ဆေးလိပ်၊ မီးခြစ်၊ ဆေးရည်ထည့် သုံးစွဲရတဲ့ Vape ၊ Pod များ အကြိမ်ကြိမ် တွေ့ရှိခဲ့ပြီး မိဘများကို ခေါ်ယူကာ အကြိမ်ကြိမ် သတိပေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲခဲ့တဲ့ Grade -10 (STEAM-2) က ကျောင်းသား ၆ ဦးနဲ့ Grade -10 (STEAM-1) က ကျောင်းသား တစ်ဦး စုစုပေါင်း ကျောင်းသား ၇ ဦးအား မိဘများနဲ့ ညှိနှိုင်းကာ ကျောင်းပြောင်း လက်မှတ်များကို သြဂုတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ကျောင်းအုပ် ဆရာကြီးက ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကျန်ကျောင်းသား ၂ ဦးမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိတဲ့အတွက် ခံဝန်ကတိ ရေးထိုးခိုင်းခဲ့ပြီး မိဘများထံ ရက်သတ္တပတ် ပြန်လည် အပ်နှံထားတယ်လို့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

အဆိုပါ ကျောင်းသား ၇ ဦးဟာ စာသင်ကျောင်းမှာ ဆရာ၊ ဆရာမတွေကို ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံမှုတွေရှိပြီး မကြာခဏ ရန်ဖြစ်လေ့ရှိသူတွေ ဖြစ်တယ်လို့ ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။

MK-005

#MeKongNews

#မြောက်ဥက္ကလာ

#မူးယစ်ဆေး

#Vape_Pod

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now