ဒေသတွင်းသတင်း

မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ SSPPနဲ့ TNLA ကြား ပစ်ခတ်မှုဖြစ်

မဲခေါင် 24 Sep - 2023
မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAနဲ့ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် TNLAတပ်တို့အကြား မနေ့စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၄

မြောက်ပိုင်းမဟာမိတ် – FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAနဲ့ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် TNLAတပ်တို့အကြား မနေ့စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLAတို့ စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအုပ်စု မန်ပလန်ကျေးရွာအနီးမှာ ‌ SSPPတပ်က မနေ့မှာ စစ်ကြောင်း ဝင်ရောက်စဉ် ပစ်ခဲ့မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့ဘက်ကို ဦးတည်တဲ့ SSPPတပ်ဖွဲ့တို့နဲ့ TNLAတပ်တို့ မနေ့ နေ့လည် ၃ နာရီခွဲဝန်းကျင်ကနေ နာရီဝက်အကြာ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံ မိုင်းယုလေးကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ မနေ့က ပစ်ကြတယ်။ အပြင်းအထန်တော့မဟုတ်ဘူး။ သူတို့အချင်းချင်း ပစ်ခတ်မှားတာလို့ပြောကြတယ်။ အခုထိ SSPPက မူဆယ်ဘက်တက်ဖို့ အဲလမ်းကို သုံးလို့မရသေးဘူး” လို့ သူက ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်‌တွေ ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးဘဲ သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားတဲ့ မန်ပလန်ကျေးရွာအနီးမှာ နှစ်ဖက်တပ်ဖွဲ့တွေ လှုပ်ရှားနေကြဆဲ ဖြစ်တာကြောင့် ကျေးရွာခံ ၅၀ ကျော်က မိုင်းယုလေးရွာမှာ တိမ်းရှောင်နေကြပါတယ်။

မိုင်းယုလေးရွာထဲ တိမ်းရှောင်လာတဲ့ မန်ပလန်ရွာခံ တစ်ဦးက “ ရှောင်တဲ့သူတွေက နီးစပ်ရာ ဆွေမျိုးတွေမှာနေတာ။ အခုခြေနေက သူတို့အချင်းချင်း ပြန်ပစ်ကြမှာကို စိုးရိမ်လို့ ရွာထဲ မပြန်ရဲသေးဘူး” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPPနဲ့ TNLAတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မဲခေါင်က ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် လဆန်းပိုင်းကစပြီး ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့အထိ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

SSPPနဲ့ TNLAတပ်ဖွဲ့တို့ဟာ မြောက်ပိုင်း မဟာမိတ်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ – FPNCC ရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးက ကောင်းမှုရွာမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်‌နေခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများလို့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

CJ – 014

#MeKongNews

#TNLA

#SSPP

#FPNCC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now