စစ်ရေးသတင်း

မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ် အင်အားစုဆောင်းဖို့ ပြင်ဆင်နေ

မဲခေါင် 7 Feb - 2024
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီက ပြည်သူ့ စစ်သူ့စစ်အင်အား စုဆောင်းနေတယ်လို့ မတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းနဲ့ မလှိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီက ပြည်သူ့ စစ်သူ့စစ်အင်အား စုဆောင်းနေတယ်လို့ မတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းနဲ့ မလှိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ကို တစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အကျအဆုံးများနေပြီး တပ်ရင်းအလိုက် ထွက်ပြေးတာတွေလည်း ရှိနေတာကြောင့် သူတို့ စိုးမိုးနိုင်တဲ့ နယ်မြေတွေမှာ အဓမ္မ လူအင်အား စုဆောင်းနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာ ပြည်သူ့စစ်အမည်ခံ စစ်သင်တန်း တက်ရောက်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် မဲနှိုက်ရွေးချယ်ပြီး အဓမ္မဖိအားပေး ခိုင်းစေနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မလှိုင်ဒေသခံ တစ်ဦးက “စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်ဆင်း လိုက်ပြောနေတာပေါ့။ ဒါပေမယ့် စီစဉ်နေတယ်ဆိုရင်တော့ တကယ် လုပ်မှာပါ။ သူတို့ မလုပ်ရဲတာ ဘာမှ မရှိဘူးလို့ ပြောထားတယ်လေ” လို့ ပြောပါတယ်။

တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြည်သူ့စစ် သင်တန်းတက်ရောက်ဖို့ ဖိအားပေး ခိုင်းစေနေတဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက မလှိုင်မြို့မှာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ သတင်းပေး ဒလန် ပျူစောထီးတို့ မကြာခဏ လုပ်ကြံသတ်ဖြတ် ခံနေရပေမယ့် စစ်ကောင်စီ အမာခံ ထောက်ခံသူတွေကို အမြဲလူစားထိုး ခန့်အပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

CJ-007

#MeKongNews

#မလှိုင်

#ပြည်သူ့စစ်

#စစ်ကောင်စီ

#စုဆောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now