ဒေသတွင်းသတင်း

တောင်ကြီးမှာ မဲနှိုက်ခွင့်မပေးဘဲ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်ရောက်လာ

မဲခေါင် 17 Apr - 2024
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ကို မဲနှိုက်ခွင့်မပေးဘဲ ချက်ချင်း စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ရောက်လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ကို မဲနှိုက်ခွင့်မပေးဘဲ ချက်ချင်း စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ရောက်လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့က အကျုံးဝင်သူတွေ မဲနှိုက်ကြဖို့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက တစ်ရပ်ကွက်လုံး လိုက်လံကြေညာခဲ့ပြီး နောက်ရက် ၁၈ ရက်နေ့မှာပဲ မဲနှိုက်ဖို့ သွားကြတဲ့အချိန်မှာ မဲပေါက်ပြီးသား ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း အကျုံးဝင်သူနဲ့ နီးစပ်သူ တစ်ဦးက “ကာယာကံရှင်တွေက သိလည်းမသိ၊ နှိုက်လည်း မနှိုက်ရဘဲ မဲပေါက်နေတာပါ။ မလွဲသာလို့ မဖြစ်မနေ ထမ်းရမယ်ဆိုလည်း ထမ်းမယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ ကိုယ်တိုင် မဲနှိုက်ခွင့် ရချင်တယ်။ ပေါက်တာမပေါက်တာကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရချင်တယ်” လို့ ပြောပါတယ်။

မဲပေါက်သူ အားလုံးက မနက်ဖြန် (ဧပြီ ၁၂) နောက်ဆုံးထားကာ တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)ဝင်းက စစ်ဆေးရုံမှာ ဆေးစစ်ကြဖို့ ညွှန်ကြားထားပြီး သင်္ကြန်ကာလအပြီး ချက်ချင်း စစ်မှုထမ်း ခေါ်ယူမယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် သတ်မှတ်ရက်အမီ ဆေးမစစ်တဲ့သူတွေကိုလည်း ဖမ်းဝရမ်းထုတ်မှာ ဖြစ်ပြီး ထွက်ပြေးတဲ့သူတွေကို ဖမ်းဆီး ထောင်ချမယ်လို့ အုပ်ချုပ်ရေးမှူးက ထိန်းချုပ်ထားပါတယ်။

ရာအိမ်မှူးနဲ့ နီးစပ်သူ တစ်ဦးက “ပြေးချင်တာပေါ့ အကုန်လုံးက အခြေခံ လူတန်းစားတွေလေ။ ချမ်းသာသူ တစ်ယောက်မှ မပါဘူး။ ဘယ်က ပိုက်ဆံနဲ့ ယူပြေးကြမလဲ” လို့ ပြောပါတယ်။

အခု ဆင့်ခေါ်ခံရတဲ့ အယောက် ၂၀ ဟာ ရတနာသီရီရပ်ကွက်အတွက် တစ်နှစ်စာ ဖြစ်ပြီး ၁၅ ယောက်ကို အရင်ခေါ်ယူမှာ ဖြစ်ကာ နောက်ထပ် ၅ ဦးကတော့ အရံဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now