ဒေသတွင်းသတင်း

တောင်ကြီးမြို့လယ် ဟိုတယ်မှာ တည်းခိုတဲ့ ကရင်နီဒေသခံတွေကို စစ်တပ်က ဧည့်စာရင်းစစ် ငွေတောင်း

မဲခေါင် 28 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၈ ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့လယ် ဟိုတယ် တစ်ခုမှာ တည်းခိုနေတဲ့ ကရင်နီ ဒေသခံတွေကို စစ်တပ်က ဧည့်စာရင်း စစ်ပြီး ငွေတောင်းနေတယ်လို့ ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့လယ် ဟိုတယ် တစ်ခုမှာ တည်းခိုနေတဲ့ ကရင်နီ ဒေသခံတွေကို စစ်တပ်က ဧည့်စာရင်း စစ်ပြီး ငွေတောင်းနေတယ်လို့ ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့၊ ညက ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကနေ လာရောက်ပြီး တောင်ကြီးမြို့လယ်ခေါင် ဟိုတယ် တစ်ခုမှာ တည်းခိုခဲ့သူ တစ်ဦးက မှတ်ပုံတင်မှာ လွိုင်ကော် ဖြစ်နေတာကြောင့် ငွေကျပ် ၂၀,၀၀၀ ပေးလိုက်ရတယ်လို့ ပြောပါတယ်။

“တံခါးလာခေါက်ပြီး မှတ်ပုံတင် စစ်တယ်။ သူ့တို့အခေါ် ဧည့်စာရင်း စစ်တာပေါ့။ အဲဒီမှာ ၂ မျဉ်းစောင်း ဖြစ်နေလို့ ပိုက်ဆံ ၅၀,၀၀၀ ပေးရမယ် ပြောတယ်။ ကျနော်တို့လည်း အဲလောက် မပါဘူးပြောပြီး ဈေးဆစ်တာနဲ့ ၂၀,၀၀၀ ပဲ ပေးလိုက်ရတယ်” လို့ သူကပြောပါတယ်။

တောင်းတဲ့ငွေ မပေးပါက PDF တွေ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ကာ အဓမ္မ တောင်းခံ ခဲ့တာလို့ သူက ရှင်းပြပါတယ်။

အလားတူ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း တောင်ကြီးမြို့စွန် ရပ်ကွက်က တည်းခိုခန်း တစ်ခုမှာ လွိုင်ကော်မြို့ ကနေ ရောက်လာတဲ့ ဇနီးမောင်နှံ ၂ ဦးကို ခြိမ်းခြောက်ပြီး ငွေကျပ် ၃၀,၀၀၀ တောင်းခံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ငွေတောင်းခံရတဲ့ ဇနီးမောင်နှံနဲ့ နီးစပ်သူ တစ်ဦးက “အသိထဲကပဲ သူတို့ အဲမှာတည်းနေတုန်း ဧည့်စာရင်း စစ်တာ အကြောင်းပြပြီး ပိုက်ဆံ တောင်းသွားတာ။ ၃၀,၀၀၀ ပေးရတာတော့ သေချာတယ်။ တည်းခိုခန်း နာမည်တော့ သူတို့ ပြဿနာ ရှာမှာစိုးလို့ ပြောပြလို့ မရဘူး။ အခုက ၂ မျဉ်းစောင်း ဆိုတာနဲ့ တောင်းနေတာ” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နဲ့ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် တွေမှာ တိုက်ပွဲ ပြင်းထန်လာတဲ့ ဇွန်လက စပြီး တောင်ကြီးမြို့မှာ စစ်ဘေးရှောင်တွေ များလာရာ စစ်တပ်က အခုလို စစ်ဆေးပြီး ခြိမ်းခြောက် ငွေတောင်းနေတာပါ။

CJ-007

#MeKongNews

#တောင်ကြီးမြို့

#ဧည့်စာရင်း

#ကရင်နီပြည်နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now