ဒေသတွင်းသတင်း

တာချီလိတ်က အွန်လိုင်းလောင်းကစားလုပ်ငန်း ဖမ်းဆီးမှု လူ ၄၀၀ ကျော်ဖမ်းဆီးခံထားရ၊ တရုတ်နဲ့ထိုင်းနိုင်ငံသားတွေပါဝင်

မဲခေါင် 23 Feb - 2024
တာချီလိတ်မြို့ပေါ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားလုပ်တဲ့နေရာတွေကို စစ်တပ်က ဝင်ရာက်ဖမ်းဆီးခဲ့တာမှာ တာချီလိတ်မြို့ပေါ်က လူငယ် အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် လူ ၄၀၀ ကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

တာချီလိတ်မြို့ပေါ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားလုပ်တဲ့နေရာတွေကို စစ်တပ်က ဝင်ရာက်ဖမ်းဆီးခဲ့တာမှာ တာချီလိတ်မြို့ပေါ်က လူငယ် အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် လူ ၄၀၀ ကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ရက် အကုန် ၂၃ရက်အကူး ညသန်းခေါင်ကစပြီး တာချီလိတ်မြို့ထဲက အွန်လိုင်းလောင်းကစားလုပ်ကိုင်တဲ့နေရာ အနည်းဆုံး ၃နေရာကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲ အမျိုးသားသပ်သပ်၊ အမျိုးသမီးသပ်သပ် ခွဲခြားထားပြီး အမျိုးသားတွေကို အချုပ်ကားတွေနဲ့တင်ဆောင်သွားပေမယ့် အမျိုးသမီးတွေကိုတော့ အခန်းတွေခွဲပြီး ထားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ နေရာတွထဲမှာ ထိုင်းနိုင်ငံမယ်ဆိုင်မြို့နဲ့ရေချောင်းသာခြားတဲ့ ဆန်ဆိုင်း(က)ရပ်ကွက်က တစ်နေရာ၊ တာချီလိတ်ရွှေတိဂုံဘုရားအောက်ဘက်ကက အရင်မြရွှေရည်ဟိုတယ်နေရာနဲ့ ဆန်ဆိုင်း (ခ)ရပ်ကွက်ထဲက တစ်နေရာပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဖမ်းဆီးတဲ့အဖွဲ့တွေထဲမှာ မြန်မာစစ်တပ်က စစ်သားတွေပဲ ပါဝင်ပြီး ရဲတွေမပါဝင်သလို ဘာကြောင့်ဝင်ဖမ်းတယ်ဆိုတာကိုလည်း မသိရဘူးလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို မှတ်ပုံတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသက နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ အရင်ကတည်းက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တည်ရှိနေပြီး တာချီလိတ်ဒေသခံနဲ့ တာချီလိတ်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ လူငယ်တွေဟာ အဲဒီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ကြသလို ထိုင်းနိုင်ငံဘက်ကနေလည်း ထိုင်းလူငယ်တွေနေ့ချင်းပြန် လာရောက်လုပ်ကိုင်ကြပါတယ်။

စစ်တပ်အာဏာမသိမ်းခင် တစ်နှစ်ခန့်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ဆင်တူတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)တွေ တာချီလိတ်မှာ အခြေချလာပြီး အွန်လိုင်းလောင်းကစားအလုပ်လို့ လိမ်လည်ကာ ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်ခေါ်ယူတာတွေရှိခဲ့သလို လူငယ်အများအပြား ကျားဖြန့်လုပ်ငန်းတွေမှာ ရောင်းစားခံရတာတွေ ရှိခဲ့ပါတယ်။

၂၀၁၉ခုနှစ်အတွင်းကလည်း တာချီလိတ်မြို့အတွင်းက အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်တဲ့ နေရာ ၃နေရာကို စစ်တပ်က ဝင်ဖမ်းခဲ့ပြီး တရုတ်နိုင်ငံသား ၁၈၀ကျော်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now