ဒေသတွင်းသတင်း

တာချီလိတ်က ရွေးကော်ဒုဦးစီးဓားပြမှု နောက်ဆက်တွဲ ၄ ဦး ထပ်မံဖမ်းမိ

မဲခေါင် 4 Mar - 2024
တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှု ခေါင်းဆောင်တဲ့ ဓားပြမှုကနေ နောက်ဆက်တွဲ ၄ ဦးကို မတ်လ ၃ ရက်မှာထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၄

တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှု ခေါင်းဆောင်တဲ့ ဓားပြမှုကနေ နောက်ဆက်တွဲ ၄ ဦးကို မတ်လ ၃ ရက်မှာထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အယောင်ဆောင်ပြီးထားတဲ့ ဓားပြတိုက်သူတွေကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ၇ ဦး အပြင် နောက်ဆက်တွဲ အဖြစ် ရန်အောင်မြေရပ်ကွက်၊ ပါလျှံရပ်ကွက်တွေမှာ ဓားပြတွေနဲ့ ပူးပေါင်းပါဝင်ခဲ့သူ ၄ ဦးကို မတ်လ ၃ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့တာလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဓားပြမှု ကွင်းဆက်တရားခံတွေဖြစ်တဲ့ အိုက်ကျော် ခေါ် စိုင်းကျော်လင်းဦး၊ စိုင်းစွမ်းမိန်း ခေါ် အိုက်တီ၊ စိုင်းခေး၊ စိုင်းကွမ်းခေး တို့ကို ရန်အောင်မြေနဲ့ပါလျှံ အငှားလိုင်းခန်းတွေကနေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

သူတို့နဲ့အတူ ပစ္စတို ၁ လက်၊ ကျည်ကာအင်္ကျီ ၁ထည်၊ အနက်ရောင်ဘောင်းဘီရှည် ၁ ထည်၊ အနက်ရောင်စစ်အကျီ ၂ ထည်၊ စစ်စိမ်းရောင် ဘောင်းဘီ ၂ ထည်၊ လက်ထပ် ၁ စုံ၊ ရဲအနွေးထည်အကျီ ၁ ထဘ်၊ စကားပြောစက် ၄ လုံး၊ အနက်ရောင်တောစီး ၁ရံနဲ့ မော်တော်ယာဉ် ၂ စီးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဓားပြဂိုဏ်းဟာ တာချီလိတ်မြို့ပေါ် အိမ်တွေနဲ့ကုန်စုံဆိုင်တွေကို လုယက်ခဲ့တာဖြစ်ပြီး သတင်းစုဆောင်းချက်များအရ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ခရိုင်ကော်မရှင်ရုံးဝန်းအတွင်း ဓားပြတိုက်ဖို့ စုစည်းနေစဉ်မှာ ဓားပြခေါင်းဆောင် မြို့နယ်ကော်မရှင်ရုံးဒုဦးစီး အေးကိုကိုဦးပါ ၇ ဦးကို ဖမ်းဆီးရမိပြီး စစ်ကြောချက်တွေအရ အခုကွင်းဆက်တရားခံ ၄ ဦးကို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now