ဒေသတွင်းသတင်း

စမတ်ကတ်လုပ်ဖို့ တာချီလိတ်လေဆိပ်က ထွက်မယ့်သူတွေထံက ဇီဝအချက်အလက်ကောက်မယ်လို့ စစ်ကောင်စီကြေညာ

မဲခေါင် 1 Apr - 2024
တာချီလိတ်မြို့ လေဆိပ်ကနေ လေယာဉ်စီးနင်းထွက်ခွာမယ့် ခရီးသည်တိုင်းရဲ့ ဇီဝအချက်အလက် - Biometric Data ကိုကောက်ယူသွားမယ်လို့ ဒီနေ့ ဧပြီ ၁ရက်မှာ စစ်ကောင်စီက ကြေညာထားတယ်

မဲခေါင်၊ ဧပြီ ၁

တာချီလိတ်မြို့ လေဆိပ်ကနေ လေယာဉ်စီးနင်းထွက်ခွာမယ့် ခရီးသည်တိုင်းရဲ့ ဇီဝအချက်အလက် – Biometric Data ကိုကောက်ယူသွားမယ်လို့ ဒီနေ့ ဧပြီ ၁ရက်မှာ စစ်ကောင်စီက ကြေညာထားတယ်လို့ လေကြောင်းလိုင်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တာချီလိတ်လေဆိပ်ကနေ လေယာဉ်စီးမယ့် ခရီးသည်တွေအနေနဲ့ မှတ်ပုံတင် မူရင်းအပြင် မိတ္တူ ၁စောင်ပါယူလာဖို့ ညွှန်ကြားထားပြီး ဇီဝအချက်အလက် (မျက်နှာ၊ မျက်လုံးနဲ့ လက်ဗွေ) တွေကိုပါ ကောက်ခံသွားဖို့ စီစဉ်ထားတယ်လို့ လေကြောင်းလိုင်းတွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ရပ်ကွက်ရုံးနဲ့ လဝကရုံးတွေက စမတ်ကတ်ပြုလုပ်ဖို့ ခေါ်ရာမှာ လာရောက်အချက်အလက်ပေးသူနည်းပါးတာကြောင့် လေဆိပ်တွေမှာပါ ဒီလိုကောက်ခံဖို့ စီစဉ်တာဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“စမတ်ကတ်လုပ်ဖို့ လဝကရုံးနဲ့ ရပ်ကွက်ရုံးကို ခေါ်ရင် မလာကြလို့တဲ့။ လုပ်ချင်လည်း ရတယ်။ မလုပ်ချင်လည်း ရတယ်လို့တော့ ပြောတာပဲ။ သဘောပါတဲ့။ တခါတည်း ဘားကုတ် ((Bar Code) ပြန်ပေးတယ်” လို့ သူကပြောပါတယ်။

အခုလို ခရီးသည်တွေရဲ့ အချက်အလက်ကို ကောက်ခံတဲ့အတွက် လေယာဉ်ခရီးစဉ် စီးနင်းသူလျော့နည်းသွားတာမျိုး ဖြစ်နိုင်တယ်လို့ ခရီးသွားအေးဂျင့်တွေက သုံးသပ်ပါတယ်။

လေယာဉ်လက်မှတ် ရောင်းချသူ တစ်ဦးက “မဖြစ်မနေ မဟုတ်ဘူးဆိုပေမယ့် လေဆိပ်ရောက်မှ ဆွဲစိရင်တော့ မပြောတတ်ဘူးပေါ့နော်။ အထူးသဖြင့်တော့ လူငယ်တွေ သတိထားရမှာပေါ့။ မလုပ်ချင်လည်း ရတယ်ဆိုရင် ဒါကြီးက လုပ်ဖို့ကို မလိုတာလေ။ အလကား လေယာဉ်ချိန်တွေ နှောင့်နှေးတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မှတ်ပုံတင်ကို ဒီဂျစ်တယ်စနစ်ကူးပေါင်းပြီး ဇီဝအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်တဲ့ UID စမတ်ကတ်စနစ်ကို တွန်းအားပေးအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

အခြားပြည်တွင်းလေဆိပ်တွေက ခရီးသွားမယ့်သူတွေကိုတော့ ဒီလိုကောက်ယူဖို့ ညွှန်ကြားထားခြင်း ရှိမရှိ မဲခေါင်သတင်းဌာနက မသိရသေးပါဘူး။

UID စနစ်မှာ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ ဘဏ်အကောင့်၊ ကိုယ်ရေးအချက်အလက်၊ ဆွေးမျိုးစဉ်ဆက်၊ နေရပ်လိပ်စာအပါအဝင် အချက်အလက်တွေအကုန်လုံးကို ချိတ်ဆက်သွားမှာဖြစ်ပြီး ဒီလိုစနစ်မျိုးဟာ နိုင်ငံတိုးတက်ရေးအတွက် အရေးပါပေမယ့် စစ်အာဏာရှင်လက်ထက်မှာတော့ သူ့ကိုဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်ဖို့သက်သက်သာဖြစ်တယ် လေ့လာသုံးသပ်သူတွေက ယူဆထားပါတယ်။

လေဆိပ်မှာ ခရီးသည်တွေကို စမတ်ကတ်-UID ပြုလုပ်ဖို့ အချက်အလက်တောင်းခံတာအပြင် နိုင်ငံကူးလက်မှတ် ပြုလုပ်မယ့် သူတွေအနေနဲ့လည်း ဧပြီလ ၂၂ရက်က စတင်ကာ UID ပြုလုပ်ပြီးမှသာ နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ပေးတော့မယ်လို့ စစ်ကောင်စီက တင်းကြပ်ထားပါတယ်။

ပုံ – တာချီလိတ်လေဆိပ် (မှတ်ချက်-ပုံဟောင်း)

CJ – 007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now