ဒေသတွင်းသတင်း

စစ်ကောင်စီတပ်က WFP ဆန်ဂို‌ဒေါင်ကို ဖောက်ထွင်း ခိုးယူနေတဲ့ ရုပ်သံကို AA ထုတ်ပြန်လာတဲ့အပေါ် ဇော်မင်းထွန်းက ဒေသခံတွေကို ဝေပေးဖို့အတွက် ဖောက်ထွင်းတာလို့ တုန့်ပြန်

မဲခေါင် 28 Jun - 2024
ရခိုင်ပြည်၊ မောင်းတောမြို့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ဆန်ဂိုဒေါင်ကို စစ်ကောင်စီတပ်တွေက ၂၁ ရက်နေ့က ဖောက်ထွင်းလုယူခဲ့တယ်လို့ ရခိုင်တပ်တော်(AA)က ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇွန် ၂၈

ရခိုင်ပြည်၊ မောင်းတောမြို့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ဆန်ဂိုဒေါင်ကို စစ်ကောင်စီတပ်တွေက ၂၁ ရက်နေ့က ဖောက်ထွင်းလုယူခဲ့တယ်လို့ ရခိုင်တပ်တော်(AA)က ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

AA ရဲ့ အခုလို ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒေသခံတွေကို ပြန်လည်ထောက်ပံ့ဖို့ ဖြစ်တယ်လို့ မြန်မာ့အသံ (MRTV)နဲ့ မြဝတီ (MWD)ကနေတဆင့် ပြောဆိုလိုက်ပါတယ်။

“ဒေသခံ မွတ်စလင်တွေ ယူထားတဲ့ ဆန်အိတ်တွေကို WFP ကလည်း ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတာကြောင့် ကျနော်တို့ စစ်တပ်နဲ့ရဲ ပူးပေါင်းတပ်ဖွဲ့က ရပ်ကွက် ၁, ၂, ၃, ၄, ကညင်တန်းရပ်ကွက် စတဲ့ အဲဒီရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စု တစ်အိတ်စီနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်” လို့ စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

မောင်းတောမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဥ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ငတ်ပြတ်မှာကို တပ်မတော်သားတွေက စိုးရိမ်ပူပန်ပြီး ဆန်အိတ်တွေယူဆောင်ကာ ဒေသခံတွေကို ဖြန့်ဝေပေးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလိုဝါဒဖြန့်ထားပေမယ့် မောင်းတောဒေသခံတွေဟာ ဆန်အိတ်မရရှိကြဘူးလို့ ကညင်တန်းရပ်ကွက်ကနေ တိမ်းရှောင်နေသူတစ်ဦးက ပြောပါတယ်။

“မူဆလင်တွေကိုပေးဖို့ ဖောက်တာဆိုရင် ဘာလို့ဂိုဒေါင်ကို မီးရှို့တာလဲ။ တခြားလူတွေတော့ မသိပေမယ့် အသိတွေထဲက ရိုဟင်ဂျာတွေတော့ တစ်ယောက်မှ မရကြဘူးပြောတယ်။ သူတို့တပ်ထဲမှာပဲ ပြန်ဝေတာပါ။ အိတ် ၄၀ လောက်ပဲ ဝါဒဖြန့်ဖို့ဝေတာလို့ ကြားတယ်” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

WFP ရဲ့ ဆန်ဂိုဒေါင်မှာ လူဦးရေ ၆ သောင်း ၄ ထောင်အတွက် တစ်လစာဖူလုံစေမယ့် အရေးပေါ် ကယ်ဆယ်ရေးဆန် ၁၁၇၅ တန် သိုလှောင်ထားပြီး စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ WFP က ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဆန်ကို ဖောက်ထွင်းခိုးယူပြီး ဂိုဒေါင်ကို မီးရှို့ဖျက်ဆီးခဲ့သူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ သူတို့သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေ ပါဝင်ပြီး ဂိုဒေါင်ထဲက ခိုးယူလာတဲ့ ဘိလပ်မြေအိတ်တွေနဲ့ ခရိုင်ကျေးလက်ရုံးမှာ ခံစစ်ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

မောင်းတောမြို့မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နေအိမ်အများစုဟာ လက်နက်ကြီးဒဏ်ကြောင့် မီးလောင်ပြာကျ ပျက်စီးနေတဲ့အပြင် တချို့အိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now