ဒေသတွင်းသတင်း

စစ်ကောင်စီကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ဒေသတွင်း တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချ

မဲခေါင် 10 Apr - 2024
အင်းလေးရေပေါ်ခန်းမမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကို ဒေသတွင်း တော်လှန်ရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးရေပေါ်ခန်းမမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကို ဒေသတွင်း တော်လှန်ရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက လာမယ့် ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ဒေသတွင်း မငြိမ်သက်မှုတွေကြောင့် ကန့်ကွက်ရတာလို့ ဆိုပါတယ်။

Justice Movement for Community – Innlay (JMC) အဖွဲ့အစည်း တည်ထောင်သူ ဒေါ် ယုလှိုင်သင်းက “ပြည်ပမှာနေတဲ့ ကျမတို့တောင်မှ ဒီစစ်မှုထမ်း ဥပဒေအကျုံးဝင်တဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး အရမ်း ပြာယာခတ်ရတယ်။ နောက်ပြီး လူငယ်တွေ ထွက်ဖို့ လမ်းကြောင်းတွေလည်း စီစဉ်ပေးရတယ်။ ခရီးစရိတ်မရှိရင် ကျမတို့ကပါ စိုက်ထုတ်ပေးရတဲ့ အထိပေါ့။ အဲလို အနေအထားမှာ ဒီလို ပွဲကြီး ထလုပ်တာက လုံးဝ အဓိပ္ပာယ် မရှိဘူးလို့ ခံစားရတယ်။ ဒါကြောင့် ဒီပွဲကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ လူတွေကို ကျမ အံ့ဩရတယ်” လို့ ပြောပါတယ်။

အင်းလေး ရေပေါ်သင်္ကြန်ကို ၂၀၁၉ ခုနှစ်က စတင်ကျင်းပခဲ့ပြီး COVID-19 ကပ်ရောဂါ ကာလနဲ့ စစ်အာဏာသိမ်းမှု ဖြစ်စဉ်တွေကြောင့် ၃ နှစ်ကြာရပ်ဆိုင်းခဲ့ရကာ ပြီးခဲ့တဲ့နှစ်ကမှ စစ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ ပြန်ကျင်းပတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ နှစ်အတွင်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေရဲ့ ခြိမ်းခြောက် ဖိအားပေးမှုကြောင့် တစ်ရွာကို ယိမ်းအဖွဲ့ တစ်ဖွဲ့စီ ပါဝင်ခဲ့ကြရပေမယ့် ဒီနှစ်သင်္ကြန်မှာတော့ ပါဝင်သူ နည်းနိုင်တယ်လို့ အင်းလေးအမျိုးသမီးသမဂ္ဂ မကြိုးကြာက သုံးသပ်ပါတယ်။

“ဒီနှစ် သင်္ကြန်က ခါတိုင်း နှစ်ထက်တော့ လူမစည်နိုင်ဘူးလို့ ယူဆတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က စစ်မှုထမ်း ဥပဒေ ထုတ်ပြီးတော့ လူငယ်တွေကို အတင်း စစ်မှုထမ်းခိုင်းတဲ့အတွက် စစ်မှုမထမ်းချင်တဲ့ အင်းလေးဒေသ လူငယ်တော်တော်များများက နိုင်ငံခြားထွက်တာ ရှိသလို PDF ထဲ ဝင်ကြတာလည်း များတယ်ပေါ့နော်။ မနှစ်ကဆို ဒီချိန် အကတိုက်နေလောက်ပြီ။ ဖောင်တော်ဦး ဘုရားပွဲတုန်းက ရိုးရာပွဲ ဖြစ်တာတစ်ကြောင်း၊ စစ်မှုထမ်းလည်း မရှိသေးတော့ မပြောလိုဘူပေါ့။ ဒီနှစ်သင်္ကြန်ပွဲက မပျော်ရရင်လည်း ဘာမှ ဖြစ်မသွားလောက်ပါဘူး။ ပွဲဖြစ်ခဲ့ရင်တော့ ဘယ်သူတွေ ပါဝင်နေမလဲဆိုတာ ကျမတို့ စောင့်ကြည့်နေမှာပါ။ ပြီးတော့ စစ်တပ်နဲ့ ပူးပေါင်းသူအဖြစ် သတ်မှတ်တာပေါ့နော်။ တစ်နိုင်ငံလုံး စစ်မီးဟုန်းဟုန်း တောက်နေတဲ့အချိန်မှာ ဒီလိုပွဲတော် ကျင်းပတာကို ကန့်ကွက်တယ်ပေါ့နော်”

သင်္ကြန်ပွဲတော် ကျင်းပမယ့် ရေလည်မဏ္ဍပ်ကို ဧပြီလ ၁ ရက်နေ့ကတည်းက ဆောက်လုပ်နေပေမယ့် ပြီးခဲ့တဲ့နှစ်ကလိုမျိုး မဖြစ်မနေ ပါဝင်ကြဖို့အတွက် တစ်ရွာချင်းစီ တစ်အိမ်တက်ဆင်း လိုက်လံဆော်ဩတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

အင်းလေးဒသတွင်း နိုင်ငံအေးချမ်းသယောင် ဝါဒဖြန့်ဖို့အတွက် စစ်ကောင်စီက ခေါင်းစယ်အမျိုးမျိုးနဲ့ ပွဲတော်တစ်ခုပြီး တစ်ခု ကျင်းပဖို့ စီစဉ်နေပြီး လက်ရှိမှာ စစ်ကောင်စီထောက်ခံတဲ့ အင်အား လျော့နည်းလာတာကြောင့် ထိရောက်မှု မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now