စီးပွားရေး

စက်သုံးဆီဝယ်ယူခွင့်မရှိလို့ ဆီဆိုင်မြို့နယ်က တောင်သူတွေ မစိုက်ပျိုးနိုင်

မဲခေါင် 19 Dec - 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်း သုံးဖို့ စက်သုံးဆီတွေကို စစ်ကောင်စီက ဝယ်ယူခွင့်မပေးဘဲ ပိတ်ထားတဲ့အတွက် ခြံမြေတွေကို ထွန်ယက် လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ဒေသခံတွေကပြောပါတယ်။

မဲခေါင် ၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်း သုံးဖို့ စက်သုံးဆီတွေကို စစ်ကောင်စီက ဝယ်ယူခွင့်မပေးဘဲ ပိတ်ထားတဲ့အတွက် ခြံမြေတွေကို ထွန်ယက် လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဌာနနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆီဆိုင်မြို့နယ်အတွင်းမှာ ဓာတ်ဆီ၊ ဒီဇယ်တွေကို လွတ်လပ်စွာ ရောင်းချခွင့်မပြုဘဲ ကားတစ်စီးကို သုံးသောင်းကျပ်ဖိုးသာ ရောင်းချရမယ်လို့ ဆီဆိုင်တွေကို တားမြစ်ထားတာဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ ကားဆိုင်ကယ်ထဲ ထည့်ဖို့ကလွဲပြီး တစ်ခြားဘယ်အကြောင်းအရာနဲ့မှ စက်ဆီရောင်းချခွင့်မပြုဘဲ ဗူးတွေ၊ ပီပါတွေနဲ့ ဆီရောင်းချတာ သယ်ယူတာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။

“ဓာတ်ဆီ ဒီဇယ်တွေကို ဗူးတွေ ပီပါတွေနဲ့ မရောင်းပေးဘူး၊ သယ်လို့လည်းမရဘူး သူတို့တွေ့ရင် ဖမ်းတယ်။ အဲ့လို ဝယ်လို့မရတော့တဲ့အတွက် ခြံတွေကို ထွန်ယက်ဖို့ ရေတင်ဖို့ ဘာမှ လုပ်လို့မရတော့ဘူး။ ဆီတွေကို ဗူးတွေနဲ့ ဝယ်လို့ရရင် ခြံထဲကို ရေမောင်းသွင်းပြီး စိုက်ပျိုးရေးလုပ်လို့ရတယ်။ အခုက ဗူးနဲ့ ဝယ်လို့မရဘူးဆိုတော့ ခြံလည်းလုပ်လို့မရတော့ဘူး။ ထွန်စက်သမားတွေလည်း ဆီဝယ်လို့မရတော့ မထွန်နိုင်တော့ဘူး ရပ်ထားရတယ်” လို့ ဆီဆိုင်မြို့နယ် ဒေသခံတောင်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဆီဆိုင်မြို့နယ်အတွင်းရှိ ဆီဆိုင်ပိုင်ရှင်တွေကို ခေါ်ယူပြီး ဗူးတွေ ပီပါတွေနဲ့ မရောင်းချဖို့ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်ကို စက်သုံးဆီမရောက်အောင် ပိတ်ဆို့ဖြတ်တောက်မှုတစ်ခုအနေနဲ့ ကရင်နီပြည်နယ်နဲ့ နယ်စပ်ခြင်းထိစပ်တဲ့ ဆီဆိုင်မြို့နယ်ကို အခုလို စက်သုံးဆီဝယ်ယူရောင်းချခွင့် ကန့်သတ်လာတာဖြစ်ပါတယ်။

“သူတို့ ကရင်နီဖက်ကို ပိတ်ချင်ရင် ကရင်နီထဲကို သွားတဲ့လမ်းပေါ်မှာ သူတို့ဂိတ်တွေ တန်းစီရှိနေတာပဲ သူတို့ဂိတ်ကို ကျော်ပြီးသယ်လို့မှ မရတာ။ အခုက ပြည်သူတွေ တမင်သက်သက် ဒုက္ခရောက်အောင် လုပ်နေတာပါ။ စက်သုံးဆီတောင် လုံလောက်အောင် မဖြန့်ပေးနိုင်ပဲနဲ့ အတင်းအစိုးရလုပ်ချင်နေသေးတယ်။ သူတို့မပြုတ်သမျှ တောင်သူလယ်သမားတွေလည်း ကိုယ့်အလုပ်တောင်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်တော့ဘူး” လို့ ဆီဆိုင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ ဆီဆိုင်မြို့နယ်အတွင်းဟာ စက်သုံးဆီ ရှားပါးမှုကြောင့် ဓာတ်ဆီ ၁ လီတာကို ကျပ် ၄၀၀၀ မှ ၆၀၀၀ အထိပေးရပြီး ဒီဇယ် ၁ လီတာကို ကျပ် ၅၀၀၀ အနိမ့်ဆုံးပေးဝယ်နေရတာဖြစ်ပါတယ်။

CJ-002

#MeKongNews

#ဆီဆိုင်

#ဆီဆိုင်မြို့နယ်

#စိုက်ပျိုးရေး

#အခက်အခဲ

#တောင်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now