ဒေသတွင်းသတင်း

PNLO ထိန်းချုပ်နယ်မြေတွေမှာ ကားရှိတဲ့ အိမ်တွေကို အခွန်ကောက်ခံလို့ ပြည်သူတွေ အခက်ကြုံ

မဲခေါင် 27 Dec - 2023
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော် (PNLO/ PNLA)က ထိန်းချုပ်နယ်မြေ အတွင်းမှာ ဒီဇင်ဘာလ နောက်ဆုံး အပတ်ကစပြီး ကားရှိတဲ့ အိမ်တွေကို အခွန်ကောက်ခံနေတယ်လို့ အခွန်ဆောင်ခဲ့ရတဲ့သူတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၇

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော် (PNLO/ PNLA)က ထိန်းချုပ်နယ်မြေ အတွင်းမှာ ဒီဇင်ဘာလ နောက်ဆုံး အပတ်ကစပြီး ကားရှိတဲ့ အိမ်တွေကို အခွန်ကောက်ခံနေတယ်လို့ အခွန်ဆောင်ခဲ့ရတဲ့သူတွေက ပြောပါတယ်။

PNLO ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ဆီဆိုင်မြို့နယ်က ကျေးရွာတွေနဲ့ မောက်မယ်မြို့နယ်၊ ကတူးကြီး ဒေသတစ်ဝိုက်မှာ အခွန်ကောက်ခံနေတာ ဖြစ်ပြီး သတ်မှတ်နှုန်းအတိုင်း မဖြစ်မနေ ဆောင်ရတာကြောင့် ပြည်သူတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ ဆီဆိုင်ဒေသခံတစ်ဦးက ဆိုပါတယ်။

“ပိုက်ဆံမရှိလို့ Without (လိုင်စင်မဲ့) စီးပါတယ်ဆို အခွန်ပါ ထပ်ဆောင်ရတော့ ခက်ခဲတာပေါ့။ ဒီကာလ အားလုံး ခက်ခဲကြတယ်လေ။ ခွဲသွင်းရတယ်ဆို တော်သေး။ အခုက တစ်လုံးတည်း သွင်းရမှာ။ မလွယ်ဘူး” လို့ သူကပြောပါတယ်။

လတ်တလော အခွန်ကောက်ခံတဲ့ နှုန်းအရ ကားကြီး တစ်စီးကို ၂၀၀,၀၀၀ ကျပ်နဲ့ အိမ်စီးကား၊ ထော်လဂျီ၊ ၃ ဘီး စတဲ့ယာဉ်တွေကို ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ကျပ် အထိ ပေးဆောင်ရပြီး ဆိုင်ကယ်တွေတော့ မပါဘူးလို့ သိရပါတယ်။

PNLO အနေနဲ့ အရင်ကတည်းက ၆ လတစ်ကြိမ် အခွန်ကောက်ခံနေကြ ဖြစ်ပေမယ့် စစ်အာဏာသိမ်း ကာလအတွင်းမှာ ယာယီ ရပ်ဆိုင်းထားခဲ့ပြီး အခုမှ ပြန်လည်ကောက်ခံတာလို့ ဆိုပါတယ်။

PNLO ရဲ့ ဗိုလ်မှူးကြီး ခွန်အာဠာရက “ဒါက ပုံမှန်ပဲလေ၊ ၆ လပတ် တစ်ခါကောက်တယ် ဘယ်အဖွဲ့အစည်းမဆိုပဲ။ တချို့က ဘီးခွန်ကောက်တယ်။ RCSS တို့ SSPP တို့လည်း သူတို့ နယ်မြေထဲမှာ ကောက်တယ်။ အခုမှ မဟုတ်ဘူး အရင်ကတည်းက ကောက်နေတာ။ ဖွံ့ဖြိုးရေးအတွက် ဒါနဲ့ပဲ လည်ပတ်ရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် PNLO ထိန်းချုပ်နယ်မြေမှာ ပြည်သူတွင်တင်မကပဲ အဖွဲ့အစည်းအတွင်း ရာထူးကြီးပိုင်းကနေ အောက်ခြေ ရဲဘော်တွေအထိ ကားရှိသူတိုင်း အခွန်ပေးဆောင်ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

လတ်တလော PNLO အနေနဲ့ မပြေလည်တဲ့ သူတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ အရစ်ကျဆောင်ခွင့်တွေ သတ်မှတ်ပေးထားတာမျိုး မရှိသေးပေမယ့် ရတဲ့အခွန်ငွေတွေနေ စစ်ဘေးရှောင်တွေနဲ့ ငွေကြေး ချို့တဲ့သူတွေကို ကူညီထောက်ပံ့ပေးနေတာတွေ လုပ်ဆောင်နေတယ်လို့ စုံစမ်း သိရပါတယ်။

CJ – 007

#MeKongNews

#PNLO

#အခွန်ကောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now