စစ်ရေးသတင်း

KNU နယ်မြေမှာ တိုက်ပွဲအကြိမ် ၁၀,၀၀၀ ကျော်ဖြစ်ပြီး စစ်သား ၁၀,၀၀၀ ကျော် သုတ်သင်နိုင်ခဲ့တယ်လို့ KNU ပြော

မဲခေါင် 17 Nov - 2023
စစ်တပ် အာဏာသိမ်းထားတဲ့ ကာလ အတွင်း KNU နယ်မြေထဲမှာ စစ်တပ်နဲ့ KNLA အပါအဝင် မဟာမိတ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ အကြိမ်ရေ ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒို စောတောနီးက ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၁၇

စစ်တပ် အာဏာသိမ်းထားတဲ့ ကာလ အတွင်း KNU နယ်မြေထဲမှာ စစ်တပ်နဲ့ KNLA အပါအဝင် မဟာမိတ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ အကြိမ်ရေ ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒို စောတောနီးက ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့အထိ KNU နယ်မြေထဲမှာ တိုက်ပွဲ ၁၁,၆၀၈ ကြိမ် ဖြစ်ပွားခဲ့ရာ အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်သား ၁၀,၇၄၁ ဦးကို သုတ်သင်နိုင် ခဲ့တယ်လို့ ဖဒိုစောတောနီး ကဆိုပါတယ်။

ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသူ ၇,၇၇၉ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ် ဖွဲ့စည်းပုံအရ တပ်မ တစ်ခုကို တပ်ရင်း ၁၀ ရင်းနဲ့ ဖွဲ့စည်းထားရာ တပ်မ တစ်ခုမှာ ဖွဲ့စည်းပုံ အင်အား ၁၀,၀၀၀ ရှိဖို့ လိုပေမယ့် လက်ရှိ အင်အား ၃,၀၀၀ သာရှိပြီး ရှေ့တန်းထွက် တိုက်ပွဲဝင်နိုင်တဲ့ အင်အား ၇၀၀ သာ ရှိတယ်လို့ ဖဒို စောတောနီးက ပြောပါတယ်။

အဆိုပါ ဖွဲ့စည်းပုံအရ KNU နယ်မြေအတွင်း စစ်သား သေဆုံးမှုဟာ တပ်မ ၂၆ ခုနဲ့ ညီမျှတယ်လို့ သုံးသပ်ပြီး လက်ရှိ စစ်တပ် ဖွဲ့စည်းပုံ အင်အားအရ ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲ စစ်မြေပြင်ကို စစ်ကူ ပို့နိုင်တော့မှာ မဟုတ်သလို ပြုန်းတီး အင်အား ပြန်လည် ဖြည့်နိုင်မှာ မဟုတ်ဘူးလို့ ဖဒို စောတောနီးက သုံးသပ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ အဖြူအမည်း သဲကွဲနေပြီး စစ်တပ်ဘက်က ဆုံးရှုံးမှုတော့မှာဖြစ်လို့ စစ်သားတွေ အနေနဲ့ အချိန်မနှောင်းခင် တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲ ပူးပေါင်း ဘက်ပြောင်းလာဖို့နဲ့ ရှိတဲ့နေရာမှာ ဖြစ်တဲ့နည်းနဲ့ စစ်ကောင်စီကို အပြုတ်တိုက်ဖို့ သူက တိုက်တွန်းပါတယ်။

KNU အနေနဲ့ စစ်အာဏာရှင်ကို တော်လှန် တိုက်ပွဲဝင်သူတွေနဲ့ အဆုံးထိ လက်တွဲသွားမယ် ဆိုတဲ့ ကြေညာချက်နဲ့ အညီ လက်ရှိ အာဏာရှင် တော်လှန်ရေး ဆက်လက် တိုက်ပွဲဝင်နေတဲ့ အပြင် လူသားချင်း စာနာထောက်ထားမှု အပေါ် အခြေခံကာ ပြည်သူလူထု ထောင်သောင်းမက လက်ခံ ကျွေးမွေး စောင့်ရှောက် ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် တော်လှန်လိုတဲ့ လူငယ်တွေကို KNU နယ်မြေမှာ စစ်သင်တန်းပေးတာ၊ အတူလက်တွဲ တိုက်ပွဲဝင်တာတွေ အပြင် လူငယ်တွေကို နေရာအနှံ့ စိမ့်ဝင်နိုင်အောင် ဆောင်ရွက်ထားပြီး အချိန်အခါကောင်းကို စောင့်နေကြတယ်လို့လည်း ဖဒိုစောတောနီးက ထုတ်ဖော် ပြောဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ နိုင်ငံရေးအရရော စစ်ရေးအရာပါ ဆောက်တည်ရာမရ ဖြစ်နေပြီး လုပ်ရိုးလုပ်စဉ် အတိုင်း ပြည်သူလူထု ဝေဝါးစေနိုင်တာတွေ လုပ်ဆောင်တော့မှာဖြစ်လို့ တော်လှန်ရေး အင်အားစုတွေ အားလုံး အပါအဝင် ပြည်သူတွေ အနေနဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဆက်လက် လုပ်ဆောင်ကြဖို့ ဖဒို စောတောနီးက တိုက်တွန်းပြောဆိုပါတယ်။

MK-009

#MekongNews

#KNU

#ဖဒိုစောတောနီး

#နိုင်ငံရေး_စစ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now