ဒေသတွင်းသတင်း

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပစ်ခတ်မှုအတွင်း ဒဏ်ရာရတဲ့ စစ်ထောက်လှမ်းရေး ၂ ဦး အသက်အန္တရာယ် စိုးရိမ်ရ

မဲခေါင် 14 Oct - 2023
မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှု အတွင်း ဒဏ်ရာရခဲ့တဲ့ စစ်ထောက်လှမ်းရေး-စရဖ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ် စိုးရိမ်ရကာ တောင်ကြီး ကနေ အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံသို့ လွှဲပြောင်း ကုသနေတယ်လို့ ဒီကနေ့ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၄

မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှု အတွင်း ဒဏ်ရာရခဲ့တဲ့ စစ်ထောက်လှမ်းရေး-စရဖ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ် စိုးရိမ်ရကာ တောင်ကြီး ကနေ အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံသို့ လွှဲပြောင်း ကုသနေတယ်လို့ ဒီကနေ့ စုံစမ်း သိရှိရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ် အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု အတွင်း စစ်ကောင်စီ ဗိုလ်ကြီး တစ်ဦး သေဆုံးပြီး စရဖ တပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိကာ မူးယစ်ဆေး ဝါးသယ်ဆောင်လာတဲ့ PNO ပြည်သူ့စစ် ၃ ဦး အဖမ်းခံရပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

“စရဖ ၂ ဦးကလည်း အခြေအနေ မကောင်းဘူး။ လစ်မယ့် အခြေအနေ ဖြစ်နေတယ်လို့ ပြောတယ်။ အဲ့ကြောင့် တောင်ကြီးမှာ မနိုင်တော့လို့ အောင်ပန်း ကုတင် ၇၀၀ ကို ပြောင်းကုနေတယ်။ ဗိုလ်ကြီးကတော့ ခေါင်းကိုထိတာ ဆိုတော့ ပစ်ခတ်တဲ့ နေရာမှာပဲ ဆုံးသွားတာ။ အဲ့ဒါကြောင့် ပစ်ခတ်မှုဖြစ်တော့ ဟိုထွက်ပြေးတဲ့ တစ်ယောက် နောက်ကို မလိုက်နိုင်တော့တာ” လို့ ယုံကြည်ရတဲ့ စစ်ကောင်စီ အသိုင်းအဝိုင်း သတင်းရင်းမြစ်က ပြောပါတယ်။

ဒီပစ်ခတ်မှု ဖြစ်စဉ် အတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ PNO ပြည်သူ့စစ် ဗိုလ်ကြီးခွန်အုန်းမောင် ကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

ခွန်အုန်းမောင် ဟာ PNO ပြည်သူ့စစ်ရဲ့ ဗဟိုလုံခြုံရေး အထူးတပ်ရင်း ဘဏ္ဍာရေး တာဝန်ခံဖြစ်ပြီး တပ်ရင်းမှူး ဗိုလ်မှူးခွန်ဗိ ရဲ့ လက်ထောက်လည်း ဖြစ်ပါတယ်။

ဒီဖြစ်စဥ် အတွင်း PNO ပြည်သူ့စစ် ၃ ဦးနဲ့အတူ သိန်းပေါင်း ၆ ထောင် တန်ဖိုးရှိ ယာမ ဆေးပြား ကားတစ်စီး အပြည့် စစ်ကောင်စီက ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိတဲ့PNO ပြည်သူ့စစ်တွေကို တောင်ကြီး စရဖရုံးမှာ စစ်ဆေး နေတယ်လို့ သိရပါတယ်။

“သူတို့အချင်းချင်း အဝေမတည့်လို့ ဖြစ်တာ နေမှာပေါ့။ ကျွန်တော်ရတဲ့ သတင်းတွေအရဆို ယာမတွေကို စစ်ကောင်စီဘက်က အကုန်လုံး သူတို့ကားပေါ်ကို ပြောင်းတင်ပြီးမှ ခြံထဲမှာ ကြိုတင်ပုန်းခိုပြီး နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝိုင်းပစ်တာ။ ပစ္စည်းလည်း အလကားရ၊ လူလည်း အသေဆိုတဲ့ ပုံစံနဲ့ လုပ်တာ” လို့ PNO မှာ ဗိုလ်မှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်ရဲ့ ဗဟိုလုံခြုံရေး အထူးတပ်ရင်းကို PNO ပြည်သူ့စစ် ခေါင်းဆောင် ဦးအောင်ခမ်းထီ ရဲ့သား ဗိုလ်မှူး ခွန်အောင်ကျော် တိုက်ရိုက် ကွပ်ကဲတာဖြစ်ပြီး PNO ဗဟိုလုံခြုံရေး၊ ဦးအောင်းခမ်းထီ နဲ့ PNO ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ခရီးစဉ် လုံခြုံရေးတွေကို အဓိက တာဝန်ယူပေးရတဲ့ တပ်ရင်း ဖြစ်ပါတယ်။

PNO ဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်-ရပခ လက်အောက်ခံ ပြည်သူ့စစ် ဖြစ်ပြီး အာဏာရှင် ဆန့်ကျင် ဆန္ဒပြ လူငယ်တွေကို ကျေးရွာတွေအထိ လိုက်လံ ဖမ်းဆီးပြီး စစ်ကောင်စီထံ အပ်နှံတာ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#PNO_ပြည်သူ့စစ်

#စရဖ

#မူးယစ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now