စီးပွားရေး

ဖားကန့်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

မဲခေါင် 28 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၈ ကချင်ပြည်နယ်၊ ဖားကန့်လမ်း-နန့်ယား-မြစ်ကြီးနားလမ်း ပိတ်လိုက်တာကြောင့် ဖားကန့်မြို့နယ်မှာ လတ်တလော ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်

မဲခေါင်၊ ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ ဖားကန့်လမ်း-နန့်ယား-မြစ်ကြီးနားလမ်း ပိတ်လိုက်တာကြောင့် ဖားကန့်မြို့နယ်မှာ လတ်တလော ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒါကတော့ ထုံးစံအရကွာ။ ဖားကန့်မှာကတော့ သိတဲ့အတိုင်း။ ကြက်ဥ တစ်လုံးကို ၅၀၀ ဒါမျိုးတွေ” လို ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

လက်ရှိ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေ အကုန် စျေးတက်တယ်လို့ သူက ပြောပါတယ်။

“ပစ္စည်း ပြတ်တော့ သူတို့က တက်ရောင်းတာပါ” လို့ နောက်ထပ် ‌ဒေသခံ တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမှာ ခရမ်းချဉ်သီး ၁ ပိဿာ ၄၀၀ ကျပ်ဆိုပါက ဖားကန့်မှာက ၈,၀၀၀ နဲ့ ၁,၀၀၀ ကျပ် ကြားမှာ ရှိတယ်လို့ သူက ရှင်းပြပါတယ်။

လမ်းပိတ်သွားတာကြောင့် ကုန်ပစ္စည်း ပြတ်လာပြီး တချို့ကုန်စိမ်းတွေ၊ အသီးအရွက်တွေ မရှိတော့လို့ ဝယ်လို့ မရဘူးလို့ ဆိုပါတယ်။

“တခြားကလာတဲ့ အသီးအရွက်ကတော့ အကုန်ပြတ်ပြီ” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ တချို့ ကြက်ဥတစ်ကတ် ၁၂,၀၀၀၊ ဆန်နို့ဆီတစ်ဘူး (အမျိုးအစားမသိရ) ၃,၀၀၀၊ ကန်ဇွန်းရွက်တစ်စည်း ၁,၂၀၀ အထိ ရောင်းကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဖားကန့် – မြစ်ကြီးနားလမ်းရှိ နန့်ယားရွာနဲ့ မအူပင်ရွာကြားမှာ ဩဂုတ်လ ၂၂ ရက်နေ့က ရုတ်တရက် တိုက်ပွဲ ပြင်းထန်လာကြောင့် ဖားကန့်လမ်း – နန့်ယား – မြစ်ကြီးနားလမ်းကို အဲဒီနေ့ကစ ပိတ်ထားတာ ဖြစ်ပါတယ်။

CJ-008

#MeKongNews

#ဖားကန့်-မြစ်ကြီးနား

#ကုန်စျေးနှုန်း

#တိုက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now