ဘန်ကောက် တိုက်ပြိုမှု မြန်မာစစ်ကောင်စီသံမှူး ဇော်ဇော်စိုး ယနေ့ နေမြင့်မှရောက်လာပြီး ဘာမှ သေချာမသိဟုပြော
မဲခေါင်၊ မတ် ၂၉
ဘန်ကောက်ရှိ စစ်ကောင်စီခန့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးဇော်ဇော်စိုးသည် မတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်ရှိ ချာတူချက်ခရိုင်မှ ပြိုကျသည့် ဆောက်လက်စ အဆောက်အအုံပျက်သို့ မတ် ၂၉ ရက် နံနက်ပိုင်းမှ ရောက်ရှိလာခဲ့သည်။
အထပ် ၃၀ ကျော် တိုက်ပြိုကျမှုတွင် မြန်မာလုပ်သားများစွာ ပါဝင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အပူတပြင်းလုပ်ဆောင်နေရာတွင် ထိုင်းသတင်းများအရ လုပ်ငန်းခွင်အတွင်း ပျောက်ဆုံးနေသူ ၁၀၁ ယောက် ကျန်သေးကြောင်းနှင့် ၁၅ ယောက်မှာ အပျက်အစီးပုံများထဲမှ အချက်ပြ အသိပေးမှုကိုရရှိကြောင်း၊ ၂၈ ရက်ညအစောပိုင်း ကယ်ဆယ်မှုတွင် အလောင်း ၅ လောင်းကပြီး ဒဏ်ရာရသူ ၉ ဦးကို ပို့ခဲ့ကြောင်း သိရှိရသည်။
သို့သော် မြန်မာသံမှူးဇော်ဇော်စိုးသည် တိုက်ပြိုကျမှုသို့ နောက်နေ့ နံနက်နေမြင့်မှ ရောက်ရှိလာရာတွင် လမ်းများ ပိတ်ဆို့နေသည့်အတွက် ဘန်ကောက်သို့ ယခုမှ အရောက်လာနိုင်ခြင်းဖြစ်ကြောင်းနှင့် ၇ဦး သေဆုံးပြီး ၉၀ ကျော်ပျောက်ဆုံးနေသည်ကိုသာ ကြာမိပြီး ရေရေရာရာ မသိသေး ကြောင်း အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews









