ရှမ်းမြောက်ကနေ သယ်လာတဲ့ မူးယစ်ဆေးတွေ မန္တလေးမှာ ဖမ်းမိ
မဲခေါင်၊ ဇန်ဝါရီ ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ကနေ သယ်ဆောင်လာတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁၃ ဒဿမ ၈ သိန်းကျော်ကို မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ်တွေကိုစစ်ဆေးရာကနေ ZONE အမျိုးအစား ကုန်တင်ယာဉ်ပေါ်မှာ ဝှက်သယ်လာတဲ့မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးခဲ့လို့ သိရပါတယ်။
ယာဉ်မောင်းနဲ့အတူ မူးယစ်ဆေးပြား ၁၃ ဒဿမ ၈ သိန်းကျော် (ကာလငွေကျပ် ၂ ဘီလီယံ (ဘီလီယံ၂,၀၀၀,၀၀၀,၀၀၀ ကျော်) ကိုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ ရှမ်းပြည်မြောက်ပိုင်းကနေ ရန်ကုန်မြို့ကို ရောင်းဝယ်ဖောက်ကားဖို့ သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
ယခုလ ဇန်နဝါရီလ ၂၁ ရက်နေ့မှာလဲ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ကနေ မန္တလေးကို သယ်ဆောင်လာတဲ့ မူးယစ်ဆေးပြား၊ Happy water၊ကတ်တမင်း (ကာလငွေကျပ်တန်ဖိုး ၉၄၇၆ ကျော်) ကို ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။
MK – 016
#MeKongNews








