ဒေသတွင်းသတင်း

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝှမ်း အနည်းဆုံး နိုင်ကျဉ်း ၃၁ ဦး ကျဆုံးခဲ့

မဲခေါင် 31 Dec - 2024
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝှမ်း အနည်းဆုံး နိုင်ကျဉ်း ၃၁ ဦး ကျဆုံးခဲ့

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝှမ်း အနည်းဆုံး နိုင်ကျဉ်း ၃၁ ဦး ကျဆုံးခဲ့

မဲခေါင်၊ ဒီဇင်ဘာ ၃၁

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကျဉ်းထောင်အသီးသီးမှာ ကျန်းမာရေးချို့တဲ့တာနဲ့ ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့် အနည်းဆုံး နိုင်ကျဉ်း ၃၁ ဦး ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့( ဒီဇင်ဘာ၃၁) ထုတ်ပြန်ပါတယ်။

ခုနှစ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတစ်ဦး၊ အမျိုးသားရှစ်ဦး၊ စုစုပေါင်းကိုးဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရချိန် ကျန်းမာရေးမကောင်းစဉ် ဆေးဝါးစောင့်ရှောက်မှုမရလို့ သေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား အမျိုးသမီးသုံးဦး၊ အမျိုးသား ၁၈ဦး၊ LGBTတစ်ဦး၊ စုစုပေါင်း ၂၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းပေးကြပါ၊ အကျဉ်းထောင်တွင်း ကျန်ရှိနေကြဆဲ နိုင်ကျဉ်းတွေအတွက်လည်း တက်အားသမျှ အကောင်းဆုံး ကြိုးစားပေးကြပါ” လို့ PPNMအမှုဆောင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခံရမှု နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး ၁၄၈ ဦး၊ ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသား ၃၀၅၄ ဦးရှိခဲ့ပြီး အဲ့ဒီအထဲက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၈၈၃ ဦးဟာ မိသားစုနဲ့ဝေးကွာတဲ့ အကျဉ်းထောင်တွေကို ထောင်ပြောင်းရွေ့ခံထားရပါတယ်။

အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်ပြီးနောက် တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်း သား၊ အကျဉ်းသူ ၇၆ ဦးရှိခဲ့ပြီး အကျဉ်းထောင်တွင်း ကလေးငယ်နဲ့ အတူရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး ၃၅ ဦး အကျဉ်းချခံထားရပါတယ်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၄၁ ထောင်က လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာမျှသာ ဖြစ်တဲ့အတွက် မြေပြင်မှာ အခုထက် အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ PPNMက ပြောပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနစာရင်းအရ မြန်မာနိုင်ငံတဝှမ်းမှာ ကုန်ထုတ်စခန်း ၃၁ ခုမပါ ဗဟို အကျဉ်ထောင်နှစ်ခု က အဆင့် ၃၃ ထောင်၊ ခ အဆင့်၁၁ ထောင်နဲ့ အချုပ်ထောင် ၁၉ ထောင်ရှိ ကြောင်းသိရပါတယ်။

အဲဒိထဲကမှလွတ်မြောက်နယ်မြေက ထောင်တွေဖြစ်တဲ့ လားရှိူး၊ သီပေါ၊ သံတွဲလိုထောင်တွေကလွဲရင် ထောင် ၄၁ ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ မတရားချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ၂၇ ရက်အထိ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ စုစုပေါင်း ၆၀၈၇ ဦး ရှိခဲ့ပြီလို့ ပါရှိပါတယ်။

ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၀၅၁ ဦးရှိခဲ့ပြီးဖြစ်ကာ အဲဒီအထဲက ၂၁၄၇၉ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၉၉၃၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေနဲ့တိုင်းရင်းသားလူမျိုးစုတွေကို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းတာတွေကို အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ဆောင်နေတာဟာ အချိန်ကာလအားဖြင့် ၄ နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

MK-012
#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now