မဲခေါင်၊ စက်တင်ဘာ ၁၀
“ဝ” ပြည်၊ မိုင်းပေါက်မြို့မှာ မိုးအဆက်မပြတ် ရွာသွန်းလို့ ရေကြီးရေလျှံကာ ကားတွေမျောပါပြီး နေအိမ်တွေ နစ်မြုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းကစတင်ပြီး တနေကုန်နီးပါး မိုးရွာသွန်းခဲ့တာကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်ကာ နေအိမ် အဆောက်အဦနဲ့ လမ်းမတွေအားလုံး တစ်ဝက်ခန့် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
မိုးဇလသတင်းမှာတော့ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး မိုးကြီး၊ ရေလျှံနိုင်တာကြောင့် အထူးဂရုစိုက်ကြဖို့ ပါရှိထားပါတယ်။
ထိုင်းနယ်စပ် တာချီလိတ်မြိုနဲ့ မယ်ဆိုင်မြို့တွေမှာတော့ မယ်ဆိုင်ချောင်းရေရဲ့ စိုးရိမ်ရေမှတ် ၁၂.၆၀ပေထက်ကျော်လွန်ကာ အနိမ့်ပိုင်းနဲ့ ကမ်းနားတစ်လျှောက်ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ကျိုင်းတုံမြို့ကိုတော့ ၂၄နာရီအတွင်းမိုးရေချိန်လွန်ကဲစွာရွာသွန်းနိုင်တယ်ခန့်မှန်းပြီး သဘာဝဘေးအထူးဂရုပြုကြဖို့ သတိပေးနေတာ တွေ့ရပါတယ်။
Source – Wa News Land
MK – 012











