မဲခေါင်၊ စက်တင်ဘာ ၅
‘ဝ’ ဒေသ မိုင်းပေါက်မြို့မှာ ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတွေကို အများပြည်သူရှေ့မှောက်မှာပဲ UWSA တရားစီရင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ၅ ရက် မနက်၈ နာရီဝန်းကျင်ခန့်မှာ ပြန်ပေးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု/ရောင်းဝယ်မှု၊ ခိုးမှု၊ လုယက်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ လိမ်လည်မှု၊ ရိုက်မှု၊ ပြည်သူ့လုံခြုံရေးကိုချိုးဖောက်မှု၊ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကိုချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ တရားခံတွေကို မြို့တွင်းလူထုရှေ့မှာ တရားစီရင်မှု ပြုလုပ်ခဲ့တာလို့ တရုတ်ဘာသာနဲ့ဖော်ပြထားပါတယ်။
တရားစီရင်ရေးကော်မတီက ချမှတ်တဲ့ ပြစ်ဒဏ်တွေထဲမှာ ထောင်ဒဏ် ၁နှစ်ကနေ တစ်သက်တစ်ကျွန်းအထိချမှတ်ခံရသူ ၃ဦး ပါဝင်တာ တွေ့ရပြီး ပြစ်ဒဏ်ချမှတ်ပြီးတာနဲ့ တရားစီရင်ရေးရဲတွေက ပြစ်ဒဏ်ကျသူတွေကို ချက်ခြင်းခေါ်ထုတ်သွားတယ်လို့ UWSA ရဲ့တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလားတူ လူထုရှေ့ ပြစ်ဒဏ်ချမှတ်တာကို ပန်ဆန်းနဲ့ အခြားနေရာတွေမှာ တစ်ပြိုင်နက်တည်း ပြုလုပ်တယ်လို့ သိရပါတယ်။
Source – Wa News Land
MK – 012












