ဒေသတွင်းသတင်း

PNO ပြည်သူ့စစ်က အသက် ၆၀ ကျော်အရွယ် အဖိုးတစ်ဦးကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်လို့ သေဆုံး

မဲခေါင် 2 Sep - 2024
ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်လုံရွာမှာ PNO က PDFနဲ့ ပါတ်သတ်တယ်ဆိုပြီး ဖမ်းဆီးသွားတဲ့ရွာသား ၇ ဦးမှာ ၆ ဦး ပြန်လွတ်လာပြီး အသက် ၆၂ အရွယ် ဦးဆောင် ဆိုသူမှာတော့ PNO ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂

ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်လုံရွာမှာ PNO က PDFနဲ့ ပါတ်သတ်တယ်ဆိုပြီး ဖမ်းဆီးသွားတဲ့ရွာသား ၇ ဦးမှာ ၆ ဦး ပြန်လွတ်လာပြီး အသက် ၆၂ အရွယ် ဦးဆောင် ဆိုသူမှာတော့ PNO ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ စစ်ကောင်စီနဲ့ စစ်တပ်လက်အောက်ခံ PNO တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လွယ်လုံရွာသား ၇ ဦးကို PNO ပြည်သူ့စစ်က PDF တွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ရာက ဦးဆောင်ဆိုသူ အဖိုးအို သေဆုံးသွားခဲ့ရတာပါ။

ပြီးခဲ့တဲ့ဇူလိုင်၁၈ရက် တိုက်ပွဲတွေဖြစ်ပြီး ၄ ရက်မြောက်နေ့ ဇူလိုင် ၂၁ ရက် နေ့လယ် ၁နာရီခန့်မှာ အိမ် ၃ အိမ်က ရွာသား၇ ဦးကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အိုက်တို ၂၁နှစ်၊ အိုက်ဟတ် ၂၁နှစ်၊ အိုက်တူ၂၂နှစ်၊ အိုက်ပယ် ၂၂နှစ်၊ အိုက်မူ ၂၆ နှစ်၊ ကျော့ကျေ ၂၂နှစ်နဲ့ဦးဆောင် ၆၂နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

PNOရဲ့ဖမ်းဆီးခံရာက ပြန်လွတ်လာသူတွေရဲ့ပြောပြချက်မှာ သူတို့စီးလာတဲ့ဆိုင်ကယ် ၄ စီးနဲ ဖုန်း၆လုံးကို သိမ်းသွားကာ ၂ယောက်တစ်တွဲ လက်ထိပ်ခတ်ခေါ်သွားပြီး ရိုက်နှိက်ညှင်းပန်း နှိပ်စက်ခံကြရတယ်လို့ပြောပါတယ်။

ဖမ်းဆီးခံ​နေရစဥ် ခေါင်းကိုသေနတ်နဲ့ထုတာ၊ ထမင်းမကျွေး ရေမတိုက်တာ၊ စောင်ကို ရေလောင်းပြီး အိပ်ခိုင်းတာတွေခံခဲ့ရလို့ အသက်ကြီးတဲ့ ဦးဆောင် သေဆုံးရတာလို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ငွေကျပ်သိန်း ၃၀၀ နဲ့ရွေးခိုင်းတာမှာ မိသားစုတွေ မတတ်နိုင်လို့ တစ်လကျော်ကြာမှ သိန်း၂၀စီနဲ့ ပြန်ရွေးလို့ သြဂုတ်လ ပထမပတ်အတွင်းမှာ ပြန်လွတ်မြောက်လာတာလို့ သိရပါတယ်။

ဦးဆောင် သေဆုံးတာကိုတော့ သြဂုတ်လနောက်ဆုံးပတ်ထဲကျမှ မိသားစုတွေ သိရတယ်လို့ဆိုပါတယ်။

‌စစ်​ကောင်စီလက်အောက်ခံ PNO ပြည်သူ့ စစစ်ရဲ့ မတရားဖမ်းဆီးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ဦးဆောင်အပါအဝင် လူငယ် ၆ ဦးတို့ဟာ PDF တပ်ဖွဲ့ဝင်​တွေမဟုတ်ဘဲ တောင်သူတွေသာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ အင်းလေးအရှေ့ဘက်ကမ်း စံကားဒေသမှာ တိုက်ပွဲ​​​တွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီက အင်အားတွေဖြည့်နေပြီး အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်နိုင်လို့ အနီးရွာတွေက စစ်ရှောင်တချို့ ရွာမပြန်ရဲကြသေးဘဲ စစ်ရှောင်နေဆဲဖြစ်ကာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတွေက သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now