မဲခေါင်၊ သြဂုတ် ၂၇
ရှမ်းတောင်၊ အောင်ပန်းမြို့မှာ အွန်လိုင်းဂိမ်းအလွန်အကျွံကစားသူ အမျိုးသား တစ်ဦး မနေ့ သြဂုတ်လ ၂၆ ရက် ၊ နေ့လယ်ပိုင်းလောက်မှာ မိမိကိုယ်ကို ကြိုးဆွဲချသတ်သေခဲ့တာလို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာစျေးက သံလမ်းနဘေး ဇီးခြုံထဲမှာ သေဆုံးနေတာလို့ သိရပါတယ်။
“သူက ကားကြီးအကူယာဉ်မောင်း ကားထွက်မယ်ဆိုပြီး အုံနာအမျိုးသမီးက ဖုန်းခေါ်တာ မကိုင်လို့ လိုက်ရှာနေကြတာ၊ သူ့ပိုက်ဆံအိတ်က အပင်ခွမှာတင်ထားတာ၊ ဖုန်းက အဲ့အိတ်ထဲမှာ၊ ပလပ်စတစ်ကောက်တဲ့ကလေးတွေက အဲ့ဒီ ဇီးခြုံကိုင်းမှာ သေနေတာတွေ့တာ”လို့ ညောင်ပင်ထောင်ရပ်ကွက်သားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သေဆုံးသူမှာ ပဲခူးမြို့နေ ကိုမျိုးမင်းလတ် ၃၆ နှစ်ဖြစ်ပြီး ဖုန်းနဲ့အွန်လိုင်းဂိမ်း အလွန်အကျွံကစားကာ ဂိမ်းစွဲနေတဲ့အတွက် ဂိမ်းကြောင့် စိတ်ဖိစီးမှုများကာ သတ်သေသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အရင်က ထမင်းစားရင် စကားပြောနေကြ၊ ဒီနေ့မနက်မှာ ထမင်း ၂ ပန်းကန်သာ စားသွားတယ် ၊ ဘာစကားမှ မပြောဘူး”လို့ စျေးအတွင်း သူစားနေကျ ထမင်းဆိုင်လုပ်သား ၁ ဦးက ပြောပါတယ်။
လက်ရှိမှာ နာရေးကူညီမှုအသင်းက အောင်ပန်းမြို့ ဆေးရုံ ရင်ခွဲတိုက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
MK-012













