မဲခေါင်၊ သြဂုတ် ၂၃
ရှမ်းတောင်၊ ဟိုပုံးမြို့နယ်၊ ကုန်းညောင်ကျေးရွာထဲမှာ မနေ့ သြဂုတ်လ ၂၃ ရက် ၊ ည ၇:၃၀ အချိန်မှာ ဗုံး ၂ လုံးကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာအတွင်း ဗုံး ၂ လုံး ပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိပါဘူး။
“အနားက အိမ်တွေထိ သဲမှုန့်တွေ လွင့်လာတာ၊ ညမထွက်ရ ရှိတော့ လူတွေ လမ်းပေါ် အသွားအလာမရှိကြလို့ အထိအခိုက်မရှိဘူး၊ ရှိရင်လဲ သေချင်သေ မသေရင် ခေါ်စစ်ခံရမှာ”လို့ ကုန်းညောင်ရွာသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဗုံး ၂ လုံးဟာ ရွာအတွင်း လူသွား လမ်းဘေးမှာ ဆက်တိုက် ပေါက်ကွဲတာဖြစ်ပြီး မိုင်းလား၊ ဗုံးလား၊ သေချာ မသိနိုင်ဘူးလို့ ပြောပါတယ်။
အနီးနားက ရွာတွေမှာ တခါတလေ ဗုံးကွဲတာတွေ ရှိခဲ့ပေမယ့် ရွာမှာ ဗုံးကွဲတာဟာ ပထမဆုံးဖြစ်ပြီး ဖြစ်ဖြစ်ချင်း စစ်ကောင်စီတပ်က လာရောက်စုံစမ်းတာတွေ လုပ်သွားပြီး ခြံတွေထဲ မသွာနဲ့တော့ မပြောဘူး၊ သွားလို့ ဖြစ်ရင်လဲ ကိုယ်ဖြစ်ကိုယ်ခံလို့ ရွာကိုပြောတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်မှာ ပဲ ဟိုပုံးနယ်၊ ဆော်တော့ ကျေးရွာအရှေ့ဘက် က လမ်းတွေကို ၀တပ်ဖွဲ့တွေက ပိတ်ထားလို့ဒေသခံတွေ သွားလာလို့မရသလို ယခု ကုန်းညောင်ရွာအနီးမှာလည်း “၀”တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားနေတာဖြစ်ပြီး ညနေ ၅ နာရီကနေ မနက် ၇နာရီအထိ မသွားလာရန်ကန့်သတ်ထားတယ်လို့ သိရပါတယ်။
MK-012








