မဲခေါင်၊ သြဂုတ် ၁၅
ရှမ်းတောင်၊ ပင်လောင်းမြို့နယ် တောင်ဘက်က တောင်သူတွေစိုက်ထားတဲ့ ပြောင်းခင်းဧက တစ်ရာကျော်ကို ယနေ့ သြဂုတ်လ ၁၅ ရက် ၊ မနက်ပိုင်းမှာ PNOက ဖျက်ဆီးပစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပင်လောင်းမြို့ တောင်ဘက်နဲ့ ဂျာမဏီ လမ်းတကြောက ပြောင်းခင်း ဧက တစ်ရာကျော်ကို PNO က စက်ယန္တရားနဲ့ ဖျက်ဆီးပစ်ခဲ့တာပါ။
“ပြောင်းခင်းထဲ တော်လှန်ရေးအဖွဲ့တွေ ခိုမှာစိုးလို့ ဖျက်ခိုင်းတာတဲ့၊ ပြောင်းက အသီးသီးတော့မယ် ၊ အရင်းအနှီးတွေ အများကြီးစိုက်ထားရတာ၊ ခုတော့ အားလုံးဆုံးပြီ၊ မဖျက်စေချင်ရင် ပြောင်းတောင်သူတွေကို သိန်း ၂၀၀ တောင်းတာ ဘယ်လိုလုပ်ပေးနိုင်မလဲလေ၊ ရှေ့ဘာလုပ်စား ရမှန်းမသိတော့ဘူး”လို့ ပြောင်းစိုက်တောင်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြောင်းခင်းတွေကို ဘက်ဟိုးနဲ့ ထိုးချေ ဖျက်စီးပစ်တာဖြစ်ပြီး ပျက်စီးရတဲ့ ပြောင်းဧက မှာ ၂၀၀ နီးပါးခန့်ရှိကာ ထိခိုက်နစ်နာရတဲ့ ဒေသခံ ပြောင်းတောင်သူ ၃၀ ဦးကျော်ရှိတယ်လို့ သိရပါတယ်။
MK-012










