စစ်ရေးသတင်း

‘ဝ’ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လားရှိုးထဲတပ်တွေ ဝင်လာတာလို့ UWSA ဆို

မဲခေါင် 28 Jul - 2024
မဲခေါင်၊ ဇူလိုင်လ ၂၈ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့ထဲကို မနေ့ ဇူလိုင်လ ၂၇ ရက်နေ့ မှာ UWSA တပ်ဖွဲကတွေဝင်ရောက်လာတာဟာ ‘၀’ ပြည်ဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက်လို့ဆိုပါတယ်။ လားရှိုးမြို့တိုင်းရင်းသားပေါင်းစုံရဲ့လိုလားချက်အရ လားရှိုးမြို့နယ်က ‘ဝ’ ပြင်ပ ဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ UWSA လုံခြုံရေးတပ်ဖွဲ့တွေကို လားရှိုးမြို့ထဲ ဇူလိုင်လ ၂၇ ရက်က ဝင်ရောက်ခဲ့တာလို့ UWSA ပြင်ပဆက်ဆံရေးမှူး ဦးညီရမ်းက ဒီနေ့ ဇူလိုင်လ ၂၈ ရက် မနက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။ အင်အားဘယ်လောက်ဆိုတာ မပြောပေမယ့် မြို့ကိုမဝင်မီမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၄င်းတို့ရဲ့ သဘောတူညီချက်နဲ့

မဲခေါင်၊ ဇူလိုင်လ ၂၈

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့ထဲကို မနေ့ ဇူလိုင်လ ၂၇ ရက်နေ့ မှာ UWSA တပ်ဖွဲကတွေဝင်ရောက်လာတာဟာ ‘၀’ ပြည်ဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက်လို့ဆိုပါတယ်။

လားရှိုးမြို့တိုင်းရင်းသားပေါင်းစုံရဲ့လိုလားချက်အရ လားရှိုးမြို့နယ်က ‘ဝ’ ပြင်ပ ဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ UWSA လုံခြုံရေးတပ်ဖွဲ့တွေကို လားရှိုးမြို့ထဲ ဇူလိုင်လ ၂၇ ရက်က ဝင်ရောက်ခဲ့တာလို့ UWSA ပြင်ပဆက်ဆံရေးမှူး ဦးညီရမ်းက ဒီနေ့ ဇူလိုင်လ ၂၈ ရက် မနက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“လားရှိုးမြို့တွင် တပ်စွဲထားတဲ့ `၀’ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများကို လုပ်ဆောင်မှာ မဟုတ်ဘူး” လို့ မဲခေါင်က ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။

အင်အားဘယ်လောက်ဆိုတာ မပြောပေမယ့် မြို့ကိုမဝင်မီမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၄င်းတို့ရဲ့ သဘောတူညီချက်နဲ့ အဆင်ပြေစွာ ဝင်ရောက်ခဲ့တာဖြစ်သလို လားရှိုးမြို့နဲ့တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရစေဖို့ကို ၀ပြည်နယ်က မျှော်လင့်တယ်လို့ ဦးညီရမ်းက ပြောပါတယ်။

ဒီလို လားရှိုးကို UWSA တပ်ဖွဲ့တွေဝင်ဖို့ တရုတ်ဘက်ကိုလည်း အကြောင်းကြားထားတယ်လို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက UWSA တပ်တွေ ဝင်ရောက်တပ်စွဲထားတဲ့ တန့်ယန်းမြို့ကို UWSA တပ်ဖွဲ့ဝင်တွေ ကား အစီး ၂၀ လောက် အင်အားထပ်ဖြည့်လာတာရှိခဲ့ပြီး အဲဒီထဲက အင်အား ၅၀၀ လောက်ဟာ လားရှိုးကို ဝင်လာတာ ဖြစ်နိုင်ကြောင်း နီးစပ်သူတွေက သုံးသပ်ပါတယ်။

လက်ရှိမှာ MNDAA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေဟာ လားရှိုးအကျဉ်းထောင်ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now