ဒေသတွင်းသတင်း

မြို့စွန်က ကျူးတွေကို စစ်တပ်ဗျူဟာဆောက်ဖို့ ၁၅ ရက်အတွင်း စစ်ကောင်စီက အပြီးဖယ်ရှားခိုင်း

မဲခေါင် 16 Jul - 2024
တောင်ကြီးမြို့ အစွန်အဖျားနေရာတွေက ကျူးကျော်နေသူတွေကို ၁၅ ရက်အတွင်း ဖယ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်၊ သစ်တောနဲ့ စည်ပင်တို့က စာတွေ လိုက်ကပ်ထားတယ်လို့ တောင်ကြီးဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၆

တောင်ကြီးမြို့ အစွန်အဖျားနေရာတွေက ကျူးကျော်နေသူတွေကို ၁၅ ရက်အတွင်း ဖယ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်၊ သစ်တောနဲ့ စည်ပင်တို့က စာတွေ လိုက်ကပ်ထားတယ်လို့ တောင်ကြီးဒေသခံတွေဆီက သိရပါတယ်။

တောင်ကြီး ထွေအုပ်က ဇူလိုင်လ ၁၃ ရက် ကထုတ်တဲ့စာမှာ ခွင့်ပြုချက်မရှိဘဲ အစိုးရမြေပေါ် ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကို ၁၅ ရက် အတွင်းထွက်သွားရမယ်လို့ သတိပေးစာတွေကို အကျုံးဝင်တဲ့အိမ်တွေနဲ့ ဆင့်ခေါ်စာတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။

“သစ်တောမြေကျူးကျော်ဆိုပြီး စာတွေသာ လိုက်ကပ်တာ သူတို့ တကယ်လုပ်မှာက စစ်တပ်အတွက် ဗျူဟာကုန်းလုပ်ဖို့ပဲ၊ ဗျူဟာကုန်းကို ၂ ဆင့်လုပ်မယ်၊ ပထမအဆင့်က အများပြည်သူတွေ တောင်ပေါ် စက်ဘီးစီး၊ လမ်းလျှောက်တဲ့နေရာတွေ၊ Mount Pleasant Hotel ကို အထိုင်ထားပြီးလုပ်မှာ၊ ဒုတိယအဆင့်ကတော့ စာကပ် ဆင့်ခေါ်ခံရတဲ့ ရပ်ကွက် တချို့ရဲ့ နေရာတွေမှာလုပ်မှာ၊ အဓိကတော့ သိမ်းခံရမယ့်သူတွေက အမြန်ပြန်ရောင်းနေကြတာကို မသိတဲ့ လူတွေ ဝယ်မိမှာ စိုးလို့ သတိပေးရတာပါ”လို့ ဆင့်စာရရှိခဲ့တဲ့ ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တောင်ကြီးမြို့ရဲ့ စဝ်စံထွန်းရပ်ကွက်၊ ရတနာသီရိ၊ ချမ်းမြ၊ ရွှေတောင်၊ စိန်ပန်း၊ ကံသာ၊ ကျောင်းကြီးစု ၊ ညောင်ဖြူစခန်း အနောက်ဘက်ခြမ်း အစွန်အဖျားကျတဲ့ ရပ်ကွက်တွေထဲက နယ်မြေ ဧက ၂၀၀၀ ကျော်ကို သစ်တောမြေအဖြစ် သတ်မှတ်ပြီး ကျုးကျော်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

သစ်တော ကျူးကျော်ဧရိယာကို တောင်ကြီး ရွှေညောင်ဘက်အဆင်း ကရင်မရေထွက် အောက်ဖက် ဆင်နှစ်ကောင်ဖက်က စတင်မယ်လို့သိရပြီး အဆုံးမှာ ကျောင်းကြီးစုရပ်ကွက်ထဲက ဖရဲ အနောက်ဘက်ခြမ်း၊ လယ်ငယ်ဘက်မှာဆုံးမယ်လို့ သိရပါတယ်။

ကောင်းစံကိုယ်ပိုင်ကျောင်းကနေ အောက်ဘက် ဓါတ်ဆီဆိုင်လေးရဲ့ အနောက်ဘက် တကြောလုံး ကားလမ်းနဲ့ကပ်နေတဲ့အိမ်တွေပါမှာဖြစ်ပြီး စက်မှုဇုန်ဘက်ဆင်းတဲ့ မြို့ရှောင်လမ်း အဝိုင်းပတ် တကြောနဲ့ရွှေသူဌေးကုန်းဘက် အစွန်အဖျားတွေ၊ မုံတဝဂူကို လှမ်းမြင်ရတဲ့ အကွက်တွေ ပါမယ်လို့ သိရပါတယ်။

စဝ်စံထွန်းရပ်ကွက်လို့ သတ်မှတ်တဲ့ စ/(စ/) မပါရင် မြေမဝယ်ဖို့ ကျူးကျော်မြေတွေရဲ့ ပေါက်စျေးက ကျပ်သိန်း ၂၀၀/၃၀၀ ဖြစ်ပြီး အဆိုပါမြေတွေကို ရောင်းခဲ့တဲ့ ဦးမောင်ဆိုသူ ၁ ဦးထဲဖြစ်ပြီး PNO က ခွန်ကျော်ဆန်း ရဲ့ အကွက်တွေပါဝင်လို့ အရင်ကျပ် သိန်း ၇၀၀ ခေါ်ထားတဲ့ အခု သိမ်းခံရမည့်ထဲပါတဲ့ အကွက်ကို စျေးလျှော့ရောင်းနေတယ်လို့ သိရပါတယ်။

“ကျမတို့ ဝယ်ထားတာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက၊ ပုံစံ-၁၀၅ လဲရှိတယ်၊ ခု အိမ်လဲဖျက်ခံရမယ်၊ မြေလဲသိမ်းခံရမယ်ဆိုတော့ ကျောင်းနေတဲ့သားသမီးတွေ၊ ကလေးတွေနဲ့ အလုပ်အကိုင်ကရှား၊ ငွေကမရှိ၊ ခုတိုင်းပြည်အခြေအနေနဲ့ ဘယ်မှာ ဘယ်လိုသွားနေရမှာကိုစဉ်းစားမရလို့ခေါင်းမီး တောက်နေတယ်”လို့ ညောင်ဖြူစခန်း ရပ်ကွက်မှာနေထိုင်သူ ၁ ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖယ်ရှားခိုင်းသည့်နေရာတွေမှာ နေထိုင်တဲ့ ပြည်သူ ထောင်ကျော် ရှိနေပြီး အိမ်ပေါင်း ရာနဲ့ချီ ဖျက်ဆီးခံကြရမှာဖြစ်လို့ အမိန့်စာပါ ၁၅ ရက်အတွင်း ပြောင်းရွှေ့ကြဖို့ မလွယ်ကူတဲ့အပြင် လက်ရှိ စီးပွားရေးတွေခက်ခဲနေကြတဲ့အချိန်မှာ ခုလို ပြည်သူတွေအပေါ် ငဲ့ညှာခြင်းမရှိ ရက်စက်တဲ့လုပ်ရပ်ကိုလုပ်ရက်တဲ့ စစ်ကောင်စီဆိုပြီး ဝေဖန်နေကြတယ်လို့ သိရပါတယ်။

ဒေသန္တရ အချက်အလက်တွေအရ တောင်ကြီးမြို့ပေါ်မှာ နေထိုင်သူ လူဦးရေ ၄ သိန်းနီးပါးရှိပြီး အိမ်ထောင်စုပေါင်း ၃ သိန်းခွဲကျော်ရှိရာမှ အခု သစ်တောမြေဆိုပြီး ဖယ်ခိုင်းခံရတဲ့ ပြည်သူ ၁ သောင်းကျော်ရှိမည်ခန့်မှန်းပြီး အိမ်ခြေ ၁ ထောင်ကျော် ဖျက်ဆီးခံရမှာဖြစ်ကာ မြေဧကပေါင်း ထောင်ချီ ဆုံးရှုံးကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now