ဒေသတွင်းသတင်း

ပျူစောထီးတူမနဲ့ ရန်ဖြစ်ရာက PDF ထောက်ပို့လို့ ပျူစောထီးက စွပ်စွဲပြီးတိုင်တန်းရာ တဆွေတမျိုးလုံး ဖမ်းဆီးခံထားရ

မဲခေါင် 20 Jun - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့မှာ ဇွန်လ ၁၇၊ ၁၈ ရက်နေ့ကတည်းက PDF ထောက်ပို့ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သား ၈ ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့မှာ ဇွန်လ ၁၇၊ ၁၈ ရက်နေ့ကတည်းက PDF ထောက်ပို့ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သား ၈ ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ဖိုးလုံးနဲ့ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဖိုးလခုံတို့ရဲ့ တိုင်ကြားချက်အရ စျေးတန်းနဲ့ ရွာမရပ်ကွက်တို့က အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပျူခေါင်းဆောင် ဖိုးလုံးရဲ့တူမနဲ့ ဖိုးဆက်တို့လင်မယားချင်း ရန်ဖြစ်ကြတာ။ အဲ့လိုရန်ဖြစ်တော့ ဖိုးလုံးက ဖိုးဆက်တို့မိသားစုကို PDF ထောက်ပို့တယ်ဆိုပြီး တိုင်လိုက်တယ်။ အဖမ်းခံရတာက ဖိုးဆက်နဲ့ သူ့အမေ၊ သူ့ဦးလေးလင်မယားနဲ့ သူ့ညီမပါ ဖမ်းခံထားရတာ။ ပြီးတော့ ဖိုးဆက်နဲ့ ဆွေမျိုးတော်တဲ့ စုလဲ့မွန်တို့ လင်မယား။ နောက်တော့ ဖိုးလုံးရဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေနဲ့ ဆိုင်ပိုင်ရှင် မပွင့်ဖြူတို့ မောင်နှမ ၃ ‌ယောက်လုံး” လို့ ဖမ်းဆီးခံရသူတွေတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ဖိုးဆက်ရဲ့မိခင်နဲ့ ညီမဖြစ်သူ ၂ ဦးဟာ မနေ့ ဇွန် ၁၉ မှာ ပြန်လွတ်လာခဲ့ပေမယ့် ကျန်တဲ့ ၈ ဦးကတော့ တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) စစ်ကြောရေးစခန်းမှာ စစ်ဆေးခံနေရပြီး မိသားစုဝင်တွေကို တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၈ ဦးဟာ PDF နဲ့ မပတ်သက်ဘူးလို့ ရွာခံတွေက အတည်ပြုပြောဆိုထားပေမယ့် ရပခ စစ်ကြောရေးစခန်းမှာ စစ်ဆေးခံရသူတိုင်း ညှင်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် ဖိုးလုံးဟာ ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာပဲ နေထိုင်ပြီး PDF သတင်းတွေကို စစ်ကောင်စီတပ်တွေဆီ တိုင်ကြားနေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါး ရောင်းချနေသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဖိုးလခုံဟာလည်း စစ်မှုထမ်းစရိတ်နဲ့ စစ်မှုထမ်းလူစာရင်းအတွက် တစ်အိမ်တက်ဆင်း ကောက်ခံနေသူ ဖြစ်ပြီး သူတို့ ၂ ဦးရဲ့ တိုင်ကြားချက်တွေကြောင့် PDF အများစု အဖမ်းခံခဲ့ရဖူးတယ်လို့ စုံစမ်း သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now