မဲခေါင် ၊ ဇွန် ၁၀
ရက်ပေါင်း ၁၀၀ ခန့် ပိတ်ထားခဲ့တဲ့ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ဇွန်လ ၈ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက KIAဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီးတဲ့နောက်ပိုင်း မြစ်ကြီးနား-ပူတာအိုလမ်းကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။
မြစ်ကြီးနား-ပူတာအိုကားလမ်းကို နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ ပြန်ဖွင့်လိုက်တာဖြစ်ပြီးတော့ ဇွန်လ ၈ ရက်ညနေပိုင်းက မြစ်ကြီးနားမြို့ကနေ ကုန်ကား ၁၄ စီးစတင်ထွက်ခွာသွားခဲ့ပြီး ကန့်သတ်ကုန်အနေနဲ့ စက်သုံးဆီ မပါဝင်ဘူးလို့သိရပါတယ်။

“ဒီကနေ့ညနေပိုင်းစတင်ထွက်ခွါလာကြပါပြီ။ မြစ်ကြီးနား -ပူတာအို ကား ၁၄ စီးအကန့်အသတ်ဖြင့် တတ်ခွင့်ရသွားပြီး စတင်ထွက်ခွာလာကြပါပြီ။ ကားဆရာများလမ်းမှာအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်။ “လို့ ယာဥ်လိုင်းတစ်ခုရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
သုံးလကြာပိတ်ထားခဲ့တဲ့အတွက် ပူတာအိုမြို့မှာ စက်သုံးဆီစျေးနှုန်းနဲ့ ကုန်စည်စျေးနှုန်းတွေအဆမတန် ကြီးမြင့်နေပါတယ်။
CJ-015








