မယ်ခေါင် ၃ မေ
စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။
Facebook နဲ့ TikTok လူမှုကွန်ယက် အသုံးပြုပီး တစ်လ တရုတ်ယွမ်ငွေ(၃)သောင်းမှ (၅)သောင်းအထိပေးကာ အပျော်မယားပြုလုပ်ဖို့ ခေါ်ဆိုတာတွေကြောင့် အလုပ်လက်မဲ့ မိန်းမပျိုများအား ပစ်မှတ်ထားခေါ်ဆိုတာတွေ ဖြစ်ပေါ်နေတာပါ။
အပျော်မယားလုပ်ဖို့ တရုတ်နယ်စပ်ဖြစ်တဲ့ မိုင်းလား၊ မိုင်းပေါက်၊ ပန်ဆန်း၊ လောက်ကိုင် တရုတ်နယ်စပ်ကတဆင့် တရုတ်နိုင်ငံသားတွေဆီ ပွဲစားတွေကတဆင့် ပို့ဆောင်နေတာဖြစ်ပြီး လစဉ် လူဉီးရေ ရာချီနီးပါး လူကုန်ကူးခံနေရတယ်လို့ သိရပါတယ်။
“ကျွန်မ အိမ်ကလဲ အဆင်မပြေ ရိုးရိုးသားသား အလုပ်လဲ ရှာမရတာနဲ့ ပွဲစားနဲ့ တရုတ်ပြည်ထဲရောက်လာတာ၊ သူတို့ပြောတုန်းကတော့ တရုတ်ဘဲ အခုရောက်လာတော့ လားဟူ အဖိုးကြီးဖြစ်နေတယ်၊ ရောက်ရောက်ချင်း ယွမ်(၁)သောင်းပေးတယ်၊ နောက်တစ်ပါတ်လောက်မှ ကျန်ငွေပေးတယ် ကလေးမွေးပေးရင် ထပ်ပေးမယ်ပြောတယ်။ တရုတ်ပြည်မကြီးတော့မဟုတ်ဘူး၊ ရွာသေးသေးလေးမှာပါ၊ နယ်စပ်နဲ့တော့ ဝေးတယ်”လို့ အပျော်မယား သွားလုပ်သူတစ်ဦးက ပြောပါတယ်။
တရုတ်ပြည်ထဲ သွားရောက် လုပ်ကိုင်သူရှိသလို ရှမ်း/မြောက်ကတဆင့် တာချီလိတ်၊ လာအို၊ မိုင်းပေါက်မြို့တွေအတွင်း ကျားဖျဲန် ငွေလိမ်ဂိုဏ်မှာ တရုတ်တွေနဲ့ အတူနေ အပျော်မယား လုပ်ကိုင်နေသူတွေလဲရှိပါတယ်။
သွားရောက်လုပ်ကိုင်သူ အများစုကတော့ နယ်စပ်ဒေသက မြို့တွေမှာ အရင် KTV လိင်ဖျော်ဖြေရေးလုပ်ကိုင်တဲ့ အမျိုးသမီးငယ်တွေ အများစုဖြစ်ပြီး အသက်(၂၀)ကနေ (၃၀)အထိ ပါဝင်သူတွေဖြစ်ကြပါတယ်။
အရင်က ဒီလိုလုပ်ကိုင်သူတွေ ရှိကြပေမယ့် လူမှုကွန်ယက်ကတဆင့် ပေါ်ပေါ်ထင်ထင် အလုပ်ခေါ်တာတွေမရှိပေမယ့် အာဏာသိမ်းပြီးနောက် လိင်ကုန်ကူးမှုတွေ ပိုမိုဖြစ်ပေါ်နေတာပါ။
ပွဲစားလုပ်ပြီး လိင်ကုန်ကူးသူအများစုက သွားစရိတ်၊ စားစရိတ်စိုက်ပြီး မိုင်းပေါက်မြို့ပေါ် ရက်အနည်းငယ်ထားပြီး တရုတ်ပြည်တွင်းက လာရောက်ခေါ်ယူသွားတွေနဲ့ ထည့်ပေးလိုက်တာဖြစ်ပါတယ်။
MK- 012








