ဒေသတွင်းသတင်း

မူဆယ်မှာ ဆရာဝန်တစ်ဦးကို လက်နက်ကိုင်တစ်ဖွဲ့က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား

မဲခေါင် 10 Apr - 2024
မူဆယ်မြို့မှာ မနေ့ ဧပြီ ၉ ရက် ညနေပိုင်းက ဆရာဝန်တစ်ဦး ကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ရိုက်နှက်ပြီး အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသသတင်း အရင်းအမြစ်ထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ မနေ့ ဧပြီ ၉ ရက် ညနေပိုင်းက ဆရာဝန်တစ်ဦး ကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ရိုက်နှက်ပြီး အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသသတင်း အရင်းအမြစ်ထံက သိရပါတယ်။

မနေ့ ဧပြီလ ၉ ရက် ညနေ ၅ နာရီခန့်က မူဆယ်မြို့၊ Best Hotel အနီးက ဆေးခန်းမှာ ဒေါက်တာမိုးကျော်နိုင်ဟာ လူနာတွေ ကိုဆေးကုသပေးနေစဉ်မှာ အမည်မသိ လူ ၄ ဦး ကားနဲ့ရောက်လာပြီး ရိုက်နှက်ကာ အတင်းအဓမ္မခေါ်ဆောင်သွားခံရတာဖြစ်တယ်လို့ သိရပါတယ်။

“ဆရာက အေးဆေးပြီး သဘောကောင်းပါတယ်၊ လူနာတွေရှေ့မှာ ရိုက်နှက်သွားတာ၊ ခေါ်တဲ့သူတွေက လူလတ်ပိုင်းတွေ လက်နက်တွေလဲ ပါတယ်ပြောတယ်” လို့ မူဆယ်လူမှုကူညီမှုအသင်းအဖွဲ့ဝင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ဆေးခန်းထဲ လူအများရှေ့မှာ ပြောင်ဝင်ရောက် ရိုက်နှက်ဖမ်းဆီးနိုင်တဲ့ အခြေအနေဖြစ်နေတဲ့ မူဆယ်မြို့ကြီးမှာ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း လုံးဝမရှိတော့လို့ ဘဝလုံခြုံမှုနဲ့ အသက်အန္တရာယ်အချိန်မရွေးထိခိုက်နိုင်တာဖြစ်လို့ အများပြည်သူ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

ဆရာဝန်ကို အတင်းရိုက်နှက်ဖမ်းဆီးသွားတဲ့ အဖွဲ့ဟာ ဘယ်အဖွဲ့အစည်းကမှန်းမသိရသလို ဘာအကြောင်းကြားချက်မှလည်း မရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ လူမှုကူညီသူတစ်ဦးထံက သိရပါတယ်။

မူဆယ်မြို့မှာ လက်နက်ကိုင်ဆောင်တဲ့ ပြည်သူ့စစ်လိုအဖွဲ့တွေ၊ အယောင်ဆောင်အဖွဲ့တွေ ဟာ အမည်အမျိုးမျိုးတွေနဲ့ ဒေသခံတွေကို အွန် လိုင်းကစာပို့ ခြိမ်းခြောက်ငွေညှစ်တာ ၊ လူပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်ပေါ်နေတာမှာ ဥပဒေစိုးမိုးမှုလုံးဝမရှိတော့တဲ့ အခြေအနေ ရောက်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မတ် ၂၆ ရက်က မူဆယ်ကောင်းမှုတုံနဲ့ စျေးရပ်ကွက်မှာ လူပြန်ပေးဆွဲပြီး ငွေတောင်းတာ ၂ ကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။ လက်ရှိမူဆယ်မြို့ လုံခြုံရေးကို တပ်မ ၉၉ က ယူထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now