စီးပွားရေး

လောက်ကိုင်မြို့မှာ ဆန်နဲ့ ခေါက်ဆွဲ ပြတ်လပ်

မဲခေါင် 13 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မှာ ဆန်နဲ့ ခေါက်ဆွဲ ပြတ်လပ်နေပြီး လုံးဝ နီးပါး ဝယ်လို့ မရတော့ဘူးလို့ လောက်ကိုင်မြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မှာ ဆန်နဲ့ ခေါက်ဆွဲ ပြတ်လပ်နေပြီး လုံးဝ နီးပါး ဝယ်လို့ မရတော့ဘူးလို့ လောက်ကိုင်မြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ဒီကနေ့မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ် တိုက်ပွဲ ငြိမ်နေတာကြောင့် လောက်ကိုင်မြို့တွင်းက ကုန်စုံဆိုင်တွေ ပြန်ဖွင့်ပြီး ဆန်တစ်အိတ်ကို ယွမ် ၁,၈၀၀ အထိ စျေးပေါက်နေပေမဲ့ ဝယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

“ဒီနေ့ ဆိုင်တွေကတော့ ပြန်ဖွင့်တယ်။ တိုက်ပွဲကလည်း ငြိမ်တယ်။ ဘာသံမှလည်း မကြားရတော့။ ဆန်ကတော့ စျေးတက်တယ်။ စျေးပဲရှိတာ ဆန်မရှိဘူး။ ဝယ်မရဘူး” လို့ မြို့ခံ တစ်ဦးက ရှင်းပြပါတယ်။

ဆန်အပြင် ခေါက်ဆွဲလည်း ဝယ်ယူလို့ မရတော့တာကြောင့် ခေါက်ဆွဲဆိုင်တွေနဲ့ ထမင်းဆိုင်တွေ အကုန် ပိတ်ထားပြီး ကုန်စုံဆိုင် တစ်ချို့က ဆေးဝါးနဲ့ တခြားပစ္စည်းတွေ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မြို့တွင်းမှာ ပြန်လည် သွားလာနေကြသလို လောက်ကိုင်မြို့ကနေ ကား၊ ဆိုင်ကယ်တွေနဲ့ အလုံးအရင်း ထွက်ခွာနေတာတွေလည်း ရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက MNDAA စစ်ကြောင်းတွေဟာ လောက်ကိုင်မြို့ကို ဦးတည်နေပြီး မြို့ကို သိမ်းပိုက်မှာ ဖြစ်တယ်လို့ တရားဝင် ပြောဆိုခဲ့ပြီးနောက် လောက်ကိုင်မြို့ခံတွေ အလုံးအရင်းနဲ့ မြို့ကို စွန့်ခွာနေတာ ဖြစ်ပါတယ်။

ဒီလို စစ်ဘေးရှောင်တဲ့ ပြည်သူတွေဟာ လောက်ကိုင်မြို့အထွက် တစ်ဆယ်တန်ဂိတ်နဲ့ ပါစင်ကျော် ကျေးရွာ ကြားမှာ အလုံးအရင်း ပိတ်မိနေတာကြောင့် နိုဝင်ဘာ ၇ ရက်ကစပြီး MNDAA က ကူညီကယ်ဆယ်ရေးတွေ လုပ်နေပေမဲ့ လူဦးရေ များပြားတာကြောင့် အခက်အခဲတွေ ရှိနေဆဲလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ မွန်းလွဲပိုင်းကတော့ တစ်ဆယ်တန်ဂိတ်မှာ ပိတ်မိနေတဲ့ စစ်ရှောင် လူအုပ်ကြီးကို လောက်ကိုင် စစ်ကောင်စီ ဒကစ ကနေ ပစ်တဲ့ လက်နက်ကြီးကျည် ကျ‌ရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အပြင်းအထန် ရသူတွေ ရှိတယ်လို့ သိရပါတယ်။

MK-007

#MeKongNews

#လောက်ကိုင်မြို့

#ဆန်_ပြတ်လပ်

#တစ်ဆယ်တန်ဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now