စီးပွားရေး

တိုက်ပွဲတွေကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

မဲခေါင် 4 Dec - 2023
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲတွေကြောင့် ကုန်ကားများ ရာနဲ့ချီ ပိတ်မိနေပြီး ၊ ကုန်သွယ်ရေးရပ်တန့်ထားလိုက်ရပြီလို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၄

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲတွေကြောင့် ကုန်ကားများ ရာနဲ့ချီ ပိတ်မိနေပြီး ၊ ကုန်သွယ်ရေးရပ်တန့်ထားလိုက်ရပြီလို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက် မှစတင်ကာ အာရှလမ်းကြောင်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အဆိုပါနေရာသို့ရောက်ရှိနေတဲ့ ကုန်ကားများအပါအဝင်၊ ခရီးသွားကားများ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

“ ကော့ကရိတ်လမ်းကြောင်းက ပိတ်နေတယ်၊ စစ်ကောင်စီဘက်က လေယာဥ်တွေနဲ့ပါကြဲနေတော့ ၊လွတ်လမ်းရှာမရဘူး၊ ကုန်အပြည့်နဲ့ ကားတွေပိတ်မိနေတာ၊ ကား ရာချီတယ်၊ ကုန်တန်ကြေးက တွဲကားဆိုရင် ၂၃ တန်ရှိတယ်၊ ၁၀ ဘီးကားဆိုရင် ၁၇ တန်ရှိတယ်၊ ထိုင်းကနေသွင်းလာတဲ့ကုန်များတဲ့အတွက် တန်ကြေးတွေကများတယ်၊ ဘီလီယံနဲ့ချီပိတ်မိနေတာ‘ လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်၊ နှစ်ကုန်ပိုင်းကလည်း အာရှလမ်းပေါ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့တာကြောင့် ကုန်ကားများပိတ်မိပြီး ၊ ထိုင်းဘက်သို့တင်ပို့မယ့် လယ်ယာထွက်ကုန်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လိို့လည်း သိရပါတယ်။

“ အခုက တရုတ်လမ်းကြောင်းရော၊ ထိုင်းဘက်ရောပိတ်သွားပြီဆိုတော့၊ စစ်ကောင်စီက ပို့ကုန်ရငွေမရှိသလောက်ဖြစ်သွားပြီ၊ သွင်းကုန်အတွက် ပါမစ်တွေ၊ ဒေါ်လာရောင်းချပေးမှုအပိုင်းတွေက အခုထက်ပိုဆိုးလာတော့မယ်၊ တရုတ်ဘက်ကုန်ပို့မရကတည်းက အထိနာနေတာ၊ ဒီပုံစံတိုင်းဆိုစစ်ကောင်စီက စီးပွားရေးကိုထိန်းချူပ်မနိုင်လောက်တော့ဘူး၊ အခြေခံလူတန်းစားတွေကတော့အထိပိုနာမယ့်သဘောရှိတယ်’ လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

အာရှလမ်းမကြီးကို အသုံးပြုလို့ရတာ တစ်လကျော်သာရှိသေးကြောင်းနဲ့ ၊လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့်၊ ကုန်သွယ်ရေးလုံးဝရပ်တန့်ကာ၊ စောင့်ကြည့်အနေအထားသာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

ထိုင်းဘက်မှမြန်မာသို့ CMP လုပ်ငန်း သုံး ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း များ တင်သွင်းပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထုတ်ကုန်များ၊ ကုန်စိမ်းများ၊ ရော်ဘာ၊ ရေထွက်ကုန်များ တင်ပို့နေချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိ ထိုင်း၊မြန်မာ တံတား ပိတ်ထားခြင်းမရှိဘဲ၊ ထိုင်းဘက်ကကားအဝင်ရှိပြီး၊ မြန်မာဘက်ရှိသက်ဆိုင်ရာ ဂိုဒေါင်တွေမှာပစ္စည်းချထားလျက်ရှိပြီး၊ ကုန်သွယ်ရေးဇုံအတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ ထွက်ပြေးတိမ်ရှောင်သွားကြပြီလို့လည်း ကုန်သည်များထံကသိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့တွင်ပင် ကော့ကရိတ်မြို့ လှိုင်ဝစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီးထိမှန်ကာယာဉ်မောင်း ၁ ဦး သေဆုံးကာ ကုန်တင်ကား ၂ စီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

MK-006

#MeKongNews

#တိုက်ပွဲ

#ကုန်စည်

#ရပ်တန့်

#အာရှလမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now